Saturday, February 29, 2020

Coronavirus Update ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

• ယူအက်စ်မှာ အသက် ၅၀ အမျိုးသမီး ပဌမဆုံးသေဆုံး။ ဝါရှင်တန်ပြည်နယ်ကဖြစ်။
• တောင်ကိုရီးယားက တရုပ်ပြည်ပြင်ပမှာ ကူးစက်မှုအများဆုံး။ ကူးစက်ရောဂါကာကွယ်ရေးအတွက် စစ်တပ်ကိုပါ အသုံးပြုလာရ။
• အီတလီက ဥရောပမှာ အများဆုံး။ ၆၅၀ ဖြစ်၊ ၁၇ ယောက်သေဆုံး။
• အီရန်မှာ ၅၉၃ ယောက်ဖြစ်။ ၄၃ ယောက်သေဆုံး။
• ကာတာမှာ ပဌမဆုံးလူနာတွေ့။
• အီကွေဒေါမှာ ပဌမဆုံးလူနာတွေ့။
• ယူကေမှာ ၃ ယောက်ထပ်တွေ့။ ပေါင်း ၂၃ ယောက်ရှိပြီ။
• တရုပ်ပြည်ကစက်ရုံတွေ ကုန်ထုတ်လုပ်မှုကျဆင်းလာ။
• ပြင်သစ်မှာ ၁၀၀ ဖြစ် ၂ ယောက်သေဆုံး။

စာရင်းအချုပ်
ကူးစက်မှုပေါင်း 86,021
သေဆုံးသူပေါင်း 2,942
ပျောက်ကင်းသူပေါင်း 39,801

ရောဂါလက္ခဏာများ
Fever ဖျား 83%
Cough ချောင်းဆိုး 82%
Shortness of breath အသက်ရှူမဝ 31%
Muscle ache ကြွက်သာတွေနာ 11%
Confusion စိတ်မကြည်လင် 9%
Headache ခေါင်းကိုက် 8%
Sore throat လည်ချောင်းနာ 5%
Rhinorrhoea (runny nose) နှာရည်ယို 4%
Chest pain ရင်ပတ်နာ 2%
Diarrhea ဝမ်းပျက် 2%
Nausea and vomiting ပျို့အန် 1%
More than one sign or symptom ရောဂါလက္ခဏာတခုမကရှိသူ 90%

Incubation Period ရောဂါပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်လာချိန် 2 - 14 ရက်။ 0 - 27 ရက်လည်း ဖြစ်နိုင်။

Mortality Rate သေဆုံးမှုနှုန်း (တရုပ်ပြည် ၂၀-၂-၂၀၂၀နေ့)
တပြည်လုံး 3.8%
ဝူဟန်မြို့5.8%
တခြားနေရာတွေ 0.7%

သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ လာမတင်ကြစေလိုပါ။ အပြုသဘောမဆောင်တဲ့ ကွန်မင့်တွေကို ဖျက်ပါမယ်။ ဆောရီး။ မြန်မာပြည်က ထူးတဲ့သတင်း မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀
နေ့ ၃ နာရီ ၅၁ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...