မောင်ဖစ် မဖစ် ကိုဖစ် ဦးဖစ် နှင့် ဒေါ်ဖစ်များသို့

(ကန်တော့)

၁။ ကျန်းမာရေး ကြောင့်လား ဝေခွဲမရဖစ်နေလို့ပါ

၂။ ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ

၃။ ဆရာ ဖြင့် ဖြစ် အသုံး ရှင်းပြပေးပါ။

၎။ ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်

၅။ အသက် ၂၂ ကျား ဖစ်တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်နေလို့ပါ

ဆီးပူနာဆိုတာ ဘာလဲ။ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေ ဘယ်လောက်ကြာ မသိ။ ဖြစ်လို့ ရေးရတယ်။

၆။ နေမကောင်းဖစ်ပီ သွေးမဟုတ်ပဲ နှာခေါင်းထဲက ပြည် လိုမျိုးအနံ့ထွက်နေတာ ဘာဖစ်တာလဲဟင်ဆရာ

၇။ ဟုတ်တယ်ဆရာ ကျနော့်မှာဆို နှုတ်ခမ်းမှာပဲ ဖစ်တာ အပူနာလိုပဲ သုံးနှစ်ရှိပီ ဆောင်းတွင်းရောက်တိုင်း ဖစ်နေတယ်ဆရာ

၈။ ပထမ တခါဖစ်တုန်းက တိုက်တဲ့ဆေးမမှတ်မိတော့လို့ပါဆရာ

၉။ ဆရာခင်ဗျာကျနော်လက်နှစ်ဖက်စလုံး လက်သန်းထိပ်ပဲကျဉ်နေလို့ခင်ဗျာ ဘာရောဂါဖစ်လည်းသိချင်လို့ပါ

မေးနည်း ပို့လိုက်တယ်။ ဖစ်လို့ရေးတာ မှားတယ်။ ဖြစ်လို့ရေးရတယ်။

၁၀။ ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ

၁၁။ ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။

၁၂။ အသက် ၂၂ ကျား ဖစ်တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်နေလို့ပါ

ဖြစ်လို့ ရေးရတယ်။

၁၃။ ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်

ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။ ဖစ် ဆိုတာ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။ ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။

ဖြစ်
ခဏဖြစ်ဖြစ်
တယောက်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
မသွားဖြစ်
ဖြစ်ကတတ်ဆန်း
ဖြစ်ခဲ
ဖြစ်စဉ်
ဖြစ်စဉ်ပြန်တမ်း
ဖြစ်ဆန်းကာ
ဖြစ်ထကျင်သ = ဖြစ်ထကျင်သော
ဖြစ်ထွန်း
ဖြစ်ပုံ ပျက်ပုံ
ဖြစ်မှ ဖြစ်ရပလေ
ဖြစ်မှ ဖြစ်ရသေး
ဖြစ်မြဲ
ဖြစ်ရိုးဖြစ်စဉ်
ဖြစ်လွယ်
ဖြစ်လျှင်ကောင့် = ဖြစ်လျှင်မူကား
ဖြစ်ထွေ
ဖြစ်ကြောင်းကုန်စင်
သွားလာဖြစ်အောင်
အဖြစ်အပျက်
နေထိုင်မဖြစ်
ရှေ့ဖြစ် နောက်ဖြစ်

ဖြင့်
ငါ့မှာဖြင့်
စကားဖြင့်
စာအားဖြင့်
တုံးသောလက်နက်ဖြင့်
မျက်စိဖြင့်
ပြူမူသဖြင့်
ဖြင့်ဖြူး
ဖြင့်ပြော
လက်ဖြင့်
လျှာဖြင့်
သူ့ကိုဖြင့်
သူ့မှာဖြင့်
ဟုသဖြင့်
အထူးသဖြင့်
အားဖြင့်
တွေ့လျှင်ဖြင့်
မေတ္တာဖြင့်
ခြေထောက်ဖြင့်
ပြောသဖြင့်
သေနတ်ဖြင့်
နှုတ်အားဖြင့်

ဖစ်
ဖစ်လမ်း
ဖစ်သခင်
ဖစ်ရှားလမ်း
ဝါဖစ်လေး
ဦးဖစ်

ဒေါ်ရွှေဖစ်၏သမီး မငွေဖစ်နှင့် သားမောင်စိန်ဖစ်တို့သည် ရန်ကုန်မြို့ ဖစ်လမ်းမှာနေထိုင်ကြသည်။

ဒေါက်တာတင့်ဆွေ
၁၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး