Coronavirus ကိုရိုနာဗိုင်းရပ်စ် နှင့် ပိုလူးရှင်း

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ရေးတာဖြစ်ပါတယ်။ တရုပ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်နေစဉ် နာဆာ ခေါ် အမေရိကန် အာကာသလေ့လာရေးဌာနက ဂြိုဟ်တုဓါတ်ပုံတွေအရ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု နည်းလာတာကို တွေ့ရှိရပါသတဲ့။

ဒီနှစ်ထဲမှာ nitrogen dioxide နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် စုဝေးမှု နည်းလာတယ်။ အဲဒီဓါတ်ငွေ့က စက်ရုံတွေ ကားတွေကနေ ထွက်တယ်။ ၂၀၁၉ ခု ပဌမ ၂ လကပုံတွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာတာဖြစ်ပါတယ်။

စီးပွါးရေးလုပ်ငန်းတွေနည်းပါးလာတာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ စက်ရုံတွေ ပိတ်ထားရတယ်။ ယာဉ်အသွားအလာတွေ သိသိသာသာနည်းလာတယ်။

၂၀၀၈ ခုနှစ် စီးပွါးရေးကပ်သင့်စဉ်ကလည်း အဲလို နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် စုဝေးမှုနည်းခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး