တပြည်လုံးမှာ ရွာတဲ့မိုး

အရင်က အညာသားတွေ အောက်ပြည်ကိုသွားပြီး ဆန်ဝယ်ကြရ၊ ငပိ ငါးခြောက် ဝယ်ကြရတယ်။ အောက်သူ အောက်သားတွေက အညာသားတွေလာရင် ဆီးမေးကြတယ်။

အညာမှာ မိုးလေဝသ ဘယ်လိုလဲ။
ဒီနှစ်တော့ တမိုးလောက် လိုတယ်။
ဒီနှစ်တော့ တမိုး ပိုသွားတယ်။

အဲတော့ အညာသားတွေလာရင် ကိုတမိုးလိုတို့ ကိုတမိုးပိုတို့ လာကြပြီလို့ နှုတ်ဆက်ကြတယ်။

ခုခေတ်မှာ စာရေးကြတာ စသတ်အပို၊ အောက်မြစ်အပိုတွေနဲ့ ရေးကြတယ်။ ရရစ် မပါတဲ့ ပတွေ၊ ဖတွေနဲ့ ရေးကြတယ်။

အောက်သားတွေရော အညာသားတွေပါ အတူတူပဲ။ နေပြည်တော်သားနဲ့ ဇနပုဒ်ကလူတွေ အတူတူပဲ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး