အဖြစ်မှန် သတ်ပုံမှန် ဇာတ်ကားကြီး ပြီးပါပြီ

၁၉၈၈ မှာ တပါတီစနစ်ကျဆုံးရေးနဲ့ ဒီမိုကရေစီရေးအတွက် တတိုင်းတပြည်လုံးမှာ တောင်းဆိုဆန္ဒပြကြတယ်။ စစ်တပ်က ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တယ်။ ဆန္ဒပြကျောင်းသားတွေက ထိုင်းနယ်စပ်နဲ့ အိန္ဒိယနယ်စပ်ကို ထွက်ပြေးကြတယ်။ ကျောင်းသားတွေကို ပြန်လာရေး နည်းပေါင်းစုံသုံးတယ်။ တခုကတော့ ပါပီမရုပ်ရှင် ရိုက်ခိုင်းတယ်။ ကျောင်းသားတွေ မကောင်းကြောင်း ဆိုးကြောင်းတွေရိုက်တာ။ ပေါ်လစီဇာတ်ကားလို့ ခေါ်တယ်။

အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ နောက်ပေါ်လစီက မြန်မာစာသတ်ပုံကို သူတို့ခိုင်းသလိုသာ ရေးစေတယ်။ တမှန်သမျှ တစ်စေတဲ့။

အခုတော့ ပါပြီကို ပါပီတဲ့။ ပြီးပါပြီကို ပီးပါပီတဲ့။ အဲတာကို ပါပီမသတ်ပုံလို့ ခေါ်တယ်။ ရုပ်ရှင်ရုံမှာ လူအပြည့်။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး