COVID-19 Vaccine ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုအဆင့်ရောက်ရှိလာပြီ။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်၊ ကိန်းဘရစ်ခ်ျမှာရှိတဲ့ Moderna Therapeutics ဓါတ်ခွဲခန်းကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ COVID_19 ခေါ် SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ genetic sequence ခေါ် မျိုးဗီဇစီစဉ်မှုကို တရုပ်ဆရာဝန်တွေက ဇန်နဝါရီလလယ်လောက်မှာ သိရှိလာပါတယ်။ အဲတာရတာနဲ့ ၄၂ ရက်အတွင်း ကာကွယ်ဆး ထုတ်ခဲ့တာဖြစ်တယ်။ ပဌမဆုံးကာကွယ်ဆေးပုလင်းကို National Institute of Allergy and Infectious Diseases (NIAID) ကိုပို့ပေးလိုက်ပါပြီ။ အဲတာက မေရီလင်းပြည်နယ်မှာရှိတယ်။

NIH အမျိုးသားကျန်းမာရေးဌာနက remdesivir ခေါ်ဗိုင်းရပ်စ်ဆေးကိုလည်း SARS-CoV-2 ကူးစက်ခံရသူလူနာတွေကို စမ်းသပ်နေပါတယ်။ အဲတာက အီဗိုလာဖြစ်ကတည်းက ဆောင်ရွက်နေတာပါ။ စမ်းသပ်ခံပဌမဆုံးလူနာဟာ ဒိုင်းမွန်းပရင့်စ် သင်္ဘောကဆင်းသူဖြစ်တယ်။

Remdesivir ဆေးဟာ severe acute respiratory syndrome (SARS) ဆားစ်ရောဂါဖြစ်သူတွေကို စမ်းတော့ အားရှိစရာ ရလဒ်ရခဲ့ပါတယ်။ Middle East respiratory syndrome (MERS) လူနာတွေကိုလည်း စမ်းသပ် ကုသပေးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေကို စမ်းသပ်မှု လာမဲ့အေပြီလမှာ စတင်ပါမယ်။

သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ ကွန်မင့်မှာ လာမတင်ကြစေလိုပါ။ အပြုသဘောမဆန်တဲ့ ကွန်မင့်တွေကို ဖျက်ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂၀၂၀
နေ့ ၁၁ နာရီ ၅၀ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး