Thursday, February 27, 2020

ABCD ကူစက်ရောဂါများ မြန်မာပြည်မှာဖြစ်နေ

(ကန်တော့)

၁။ ဆရာ အအေးမိရင်Dဆေးကောင်းပါလား

ဆေးသောက်လိုသူ ကလေး လူကြီး မသိ။ အသက် ကျား-မ မသိ။ D စာလုံးပါတိုင်း ဗီတာမင်ဒီလား အရင်စဉ်းစားမိတယ်။

၂။ ဆရာ 24ရECee2ကို ၂၅ရက်နေ့က သောက်ထားပါတယ် အခုထိရာသီမလာသေးဘူး စိုးရိမ်ရလား ၂၄ရက်နေ့က ဆက်ဆံpး အရင်ကဆို သောက်pး ၇ရက်နေရင်ရာသီလာပါတယ် ထပ်ခါထပ်ခါသောက်ရင် ဆေးသောက်လည်း ကိုယ်ဝန် ရနိုင်ပါလားဆရာ

အရင်မေးခွန်းတွေမှာ P တလုံးတည်းရေးတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ သည်တခါ (း) ပါထည့်တယ်။ မြန်မာလို ရေးတာမှာ ( . ) တွေ ထည့်ရိုက်ကြတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ ပို့စ်မှာသုံးချင်ရင် အကုန်လိုက်ပြင်ရတယ်။

မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ အခုတော့ အင်္ဂလိပ်စာမှာ ဝစ္စပေါက်ရှိနေပြီ။

၃။ ဆရာရှင့် သမီးရာသီလာတာမရပ်တာ ၂လလောက်ရှိပါpအခုထိမpသေးဘူးဆရာ သမီးဘာဆေးသောက်သင့်လဲဆရာ

၎။ ဆရာ ခလေးက ၁၅ရက်ပဲရှိသေးတယ် ချွဲတွေ့အရမ်းကျပ်နေလို့ ချောင်းလဲဆိုး ဆေးခန်းပြနေတာ၃ရက်ရှိp မသက်သာဘူး ဘယ်လိုလုပ်ရမလဲဆရာ ခလေးနေရခက်နေလို့ဆရာ နှာခေါင်းပိတ်နေတာ

၅။ ဆရာရှင့် dည အသက်ရူရခက်ပြန်ပပီ နှာခေါင်းတစ်ဖက်ပိတ်ပြီး ရူကြည့်တော့ ဘယ်ဘက်နှာခေါင်းကပိတ်ပြီး လေမဝင်ဘူး ညာဘက်ကျဝင်တယ်ဆရာ ပိတ်တဲ့ဘက်ကိုအားစိုက်ရူကြည့်တော့ ခေါင်းထဲကလေခန်းသလိုဖြစ်ပါတယ် အသက်ရူရင်ပါးစပ်ကတောင် ပြင်းပြင်းရူနေရပါတယ် ဘာရောဂါပါလည်းဆရာ ညဘက်တွေအိပ်မပျော်ဘူး

၆။ မင်္ဂလာပါဆရာ ကလေးကမွေးထားတာ၁၆ရက်ရှိပါp ကလေးမှာ G6pT ချို့တဲ့တယ်တဲ့ G6pt က ဘာရောဂါလဲဆရာ

၇။ ဆရာ ကျွန်တော့်မိန်းမ အသက်၂၂ရှိပါp ဆရာ လစဉ်သုံးသန္ဓေတားဆေးကဒ်သောက်တာ စသောက်သောက်ချင်း ခေါင်းနည်းနည်းမူးတယ်ဆရာ pတော့ နဖူးပြင်မှာ ဝက်ခြံလိုမျိုး အဖုသေးသေးလေးတွေ ထွက်တယ်ဆရာ ကျွန်တော့်မိန်းမ ဒီထက်ပိုp ဘာတွေဖြစ်နိုင်သေးလဲ ဆရာ pတော့ လစဉ်သုံးသန္ဓေတားဆေးကဒ်ကို ဆက်တိုက်သင့်လားမသင့်လား လမ်းညွှန်ပေးပါဦးဆရာ ကျေးဇူးတင်ပါတယ်ဆရာ

၈။ မင်္ဂလာပါဆရာ ရင်သားကင်ဆာနဲ့ ပက်သက်p မေးချင်လိုပါ နို့ သီးခေါင်းအောက်ကနေ နာနေတယ် နှစ်ရက်ရှိp သားဆက်ခြားလို့သာ ရေးရတယ်။ စပ်ဆိုတာ ရောစပ်တာ။ ဆက်ဆိုတာမျိုးဆက်။

၉။ ဆရာရာသီမလာ၂လပြည့်ပါpနေလို့မကောင်းဘူးဆရာ ယောကျာ်းနဲ့အတူနေပါတယ်

၁၀။ မင်္ဂလာပါဆရာ ကလေးကမွေးထားတာ၁၆ရက်ရှိပါp  ကလေးမှာ G6pT ချို့တဲ့တယ်တဲ့ G6pt က ဘာရောဂါလဲဆရာ

၁၁။ သမီးအသက် ၂၄နှစ်ပါ။ ဗဟန်းမြို့နယ်မှာနေပါတယ် ဆရာ။့ သမီးဝမ်းချုပ်တဲ့ရက်ဆို ရင်ပြည့်p အကက်ရှုမဝသလိုဖြစ်ပါတယ်

မေးခွန်းတွေက နမူနာသာဖြစ်တယ်။ B လို့ရေးတိုင်း အသဲရောင်ဘီကို အရင်စဉ်းစားမိတယ်။ D ဆိုရင်လည်း ဗီတာမင်ဒီ။ P ဆိုတာ Prostitute ခန္ဓာကိုယ်ကို အခကြေးငွေနဲ့ရောင်းတဲ့အသက်မွေးမှုက မိန်းကလေးတွေကို ခေါ်တယ်။ ကန်တော့။

- မြန်မာစာ P
- အမေက HIV
- အဖေက C
- ညီငယ်က TB
- အမက AIDS
- မြန်မာပြည်ကြီး အလွန်တိုးတက်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၁၉
၂၈-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...