ဆယ် ဆယ့် နှင့် ဆဲ့





ဆရာရှင့် ဆဲ့နှစ်ရာသီလား ဆယ့်နှစ်ရာသီလားရှင့် ငယ်စဉ်အတန်းစာထဲမှာ ဆယ့်နှစ်ရာသီလို့ပဲ သင်ခဲ့ရလို့ပါ။

ကျွန်တော် တခါတလ တဆယ့်နှစ်၊ ဆဲ့နှစ်၊ တဆဲ့နှစ်လို့ ရေးလေ့ရှိပါတယ်။ ဆယ့်မဟုတ်ရင် မမှန်ဘူးထင်ကြသူတွေက မေးကြတယ်။ သတ်ပုံကျမ်းဟောင်းတွေမှာ ဆယ့်ရော ဆဲ့ပါ မပါ။

ဆယ်
ကယ်ဆယ်သည်
ကိုးဆယ်ဆ
ဆယ်တင်သည်
ဆယ်ကြိုးဆယ်လ
ဆယ်မူးရည်ရွှေ
ဆယ်ယူ
ဆယ်လီစိတ်
ဆယ်လီကျေ
ဆယ်ရေးတရေး
တဆယ် နှစ်ဆယ်
လီဆယ်၍ပြောသည်
သုံးဆယ်မြို့
ရေမှဆယ်သည်

အောင်ဆန်းဇာနည် ကဗျာဟာ အလွန် ထင်ပေါ်စွဲလမ်းစေတဲ့ကဗျာဖြစ်ပါတယ်။ ရဲအောင်မိုးရေးတယ်လို့ မှတ်သားရတယ်။ ဆိုရှယ်လစ်ရဲ့ လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား အဆုံးပိုဒ်ကို အငြင်းပွါးကြတယ်။ ပြန်ရှင်းတာတွေလည်း ဖတ်ရတယ်။

၁၉၆၄ စက်တင်ဘာလထုတ် ရှေ့ဆောင်လူငယ် ဂျာနယ်မှာပါတယ်။ မူကွဲ ၂ ခုဖြစ်နေတယ်။ တထောင် ကိုးရာ တဆယ့်ငါး၊ တထောင့်ကိုးရာ လေးဆယ့်ခွန်၊ ဇူလိုင်တဆယ့်ကိုး။ တထောင် ကိုးရာ တဆဲ့ငါး၊ တထောင့်ကိုးရာ လေးဆဲ့ခွန်၊ ဇူလိုင်တဆဲ့ကိုး။ ခွန်ဆိုတာ (၇) ခုနစ်ကို ကဗျာမှာပြင်သုံးထားတာသာဖြစ်ပါတယ်။ တစ် တလုံးမှမပါ။

ဦးပုညကတော့ နှစ်ဆဲ့ရှစ်လို့ရေးပါတယ်။
သုံးသိန်း သုံးသောင်း လေးထောင်ထိပ်
နှစ်ကျိပ်ရှစ်ဆက် မဟာဝင်
အတိတ်ဖြစ်ပျက် ကမ္ဘာတွင်အောင်
ဘယ်ရာဇဝင် မစံမြန်း
နှစ်ဆဲ့ရှစ်ရပ် ပြဿာဒ်ရံသည်
နတ်ဝိသုကံ သစ်လင်းဖန်သည့်နန်း (စလေ ဦးပုည)

ဂဏန်းတွေကို စာနဲ့ရေးသားနည်း
၁= တစ်
၁ဝ = တဆယ်
၁၅ = တဆယ့်ငါး
၁၈= တဆယ့်ရှစ်

၁။ လိမ္မော်သီး တလုံးပုံ ဆွဲပါ။

၂။ ပစ်တိုင်းထောင် တခုပုံ ဆွဲပါ။

၃။ ပန်းပွင့် တပွင့်ပုံ ဆွဲပါ။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ