ဗိုလ်တထောင်စေတီ နှင့် ဘုရားပန်း
စသတ်တာအမှန်လို့ ထင်တာပါဆရာ
မှားတယ်။ ပလီပြီးရေးကြတာ။ ဘုရားမှာ ပန်းကပ်ရင်း စသတ်ပါလှူနေကြတယ်။
ဝီကီပီးဒီးယားကလည်း ဗိုလ်တထောင်ဘုရားကို စသတ်ကပ်ထားတယ်။
ဗိုလ်တထောင်စေတီကို မွန်ဘာသာနဲ့ ကျိုက်ဒေးအပ် ဆံတော်ဦးစေတီလို့ခေါ်တယ်။ အခုထိဆိုင်းဘုတ်မှာ ရေးထားတယ်။ ဘုရားသမိုင်းမှာ တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်တွေပါတယ်။
မွန်နဲ့ ရခိုင်တွေက စာရေးတာကို အပြောင်းအလဲ မများကြပါ။ တချို့ရွှေဗမာတွေကသာ ပလီပလာရေးကြတယ်။
ဗိုလ်တထောင်မြို့အမည်၊ ဗိုလ်တထောင်သတင်းစာအမည်တွေ မပြောင်းသေးပါ။ နောင်တော့ ပြောမရ။ ပလီသူတွေက များများလာတယ်။
ဘုရားပန်းဆိုတာ သန့်ရှင်း လတ်ဆတ် လှပ မွှေးကြိုင်တာကိုသာ ကပ်လေ့ရှိတယ်။ ပလပ်စတစ်ပန်း မကပ်ရပါ။
ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၂၀
ပုံအတွက် ကျေးဇူး။

Comments
Post a Comment