ပဉ္စာဝုဓဇာတ်

မင်္ဂလာပါဆရာခင်ဗျာ သတ္တမတန်း ဇာတက ဝတ္ထု သင်ရိုးထဲမှာ ပဉ္စဝုဓ မင်းသား ပဉ္စဝုဓ ဇာတ် လို့ ရေးထားပါတယ်။ ဘုရားဟော ငါးရာ့ငါးဆယ် နိပါတ်တော်ထဲမှာ ဖတ်ဖူးခဲ့တာ ပဉ္စာဝုဓ ဇာတ်တော်လို့ပဲ သိထားခဲ့တာပါဆရာ။ အခုက သင်ရိုးညွှန်းတမ်းမှာကတည်းက မှားနေတာလားဆိုတာ သိရပါရစေ ဆရာ။

၅၅၀ ဇာတ်တော်တွေတင်တဲ့နေရာမှာ အမှတ်စဉ် (၅၅) ပဉ္စာဝုဓဇာတ်လို့ တွေ့တယ်။ ကပ်စေးနှဲ ဘီလူးကြီးအား အရှုံးမပေးဘဲ ငါးပါးသော လက်နက်နှင့် တိုက်ခိုက်သဖြင့် အနိုင်ရသော ပဉ္စာဝုဓမင်းသား အကြောင်း။

ဝီကီပီးဒီးယားမှာ မုံရွေး ဇေတဝန်ဆရာတော် (မြန်မာ ၁၁၂၈ - ၁၁၉၆) ပြုစုတော်မူခဲ့သော ကျမ်းများထဲမှာ ၈၊ ပဉ္စဝုဓပျို့လို့ တွေ့တယ်။

ဦးအောင်ညွန့်ဝင်းရေးသားထုတ်ဝေထားတဲ့ ငါးရာ့ငါးဆယ် အနှစ်ချုပ်မှာ ၅၅၊ ပဉ္စာဝုဓဇာတ်လို့ တွေ့တယ်။

ဝီကီပီးဒီးယားမှာ အမှားတွေ မကြာမကြာတွေ့တယ်။ ဗိုလ်တထောင်ဘုရားကို တ စသတ်နဲ့ရေးထားတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး