Order of Adjectives နာမဝိသေသန အစီအစဉ်

သီးသန့် ဖုန်းအပိုပစ္စည်းဆိုင်နဲ့ ဖုန်းအပိုပစ္စည်း သီးသန့်ဆိုင် ဘယ်ဟာကအမှန်ပါလဲဆရာ။

နာမဝိသေသန နှစ်မျိုးပါတဲ့ အသုံးဖြစ်တယ်။ ဖုန်းအပိုပစ္စည်း သီးသန့်ဆိုင်က နားလည်းရပိုလွယ်တယ်။ သီးသန့်ကို အရင်ရေးရင် သီးသန့်ဖြစ်သောဆိုင်လို့ ထင်စေပြီး ဖုန်းအပိုပစ္စည်းသာမကလည်း ရောင်းတဲ့ဆိုင်းလည်း ဖြစ်နိုင်သလို ထင်စေမယ်။

ကျွန်တော်က မြန်မာစာကို အများကြီးသင်ခဲ့ရသူ မဟုတ်ပါ။ အင်္ဂလိပ်သဒ္ဒါကို ကိုးကားပါရစေ။

နာမဝိသေသန အစီအစဉ်
ကောင်းသောအစာ နဲ့ မကောင်းသောအစာတွေက ရှင်းတယ်။ အစီအစဉ်လိုလာတဲ့ တခုမက နာမဝိသေသနတွေပါလာရင် စည်းမျဉ်းထားတယ်။ အရပ်ရှည်သည့် ချောသောသူ။ ချောသော အရပ်ရှည်သူ။ အရပ်ရှည်သည့် ချောသော ငယ်ရွယ်သူ။ ချောပြီး အရပ်ရှည်သည့် ငယ်ရွယ်သောသူ။ အဲလိုနေရာမျိုးမှာ စည်းကမ်းရှိတယ်။

ယေဘုယျကို အရင်ရေးပါ။ အရွယ်အစားကို ဒုတိယ။ ပုံပန်းသဏ္ဌာန်က တတိယ။ အသက်က စတုတ္ထ၊ အရောင် ပဉ္စမ၊ အမျိုးအစားက ဆဋ္ဌမ။ နောက်မှာ အိုင်အင်းဂျီ စာလုံးပါနာမဝိသေသန။ နောက်မှာ လူမျိုး၊ အဆုံးမှာ ဖေါ်ပြလိုတဲ့ နာမ်။

ကျွန်တော်တို့ မြန်မာစာကိုလည်း အလေးအနက်ထား သင်ကြား၊ သင်ယူ၊ လေ့လာ၊ ဆည်းပူးကြရင် တိုးတက် စည်ပင်လာပါမယ်။ ဖတ်ချင့်စဖွယ် ပိုဖြစ်လာမယ်။ ပိုချစ်လာပါမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး