လက်ပံပွင့်ကောက်

လာဟေ့ဒွါး၊
သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊
ဆက်ရက်ကယ်ညံ၊
ပင်လက်ပံ ကြွေချိန်ကျပြီမို့၊
မိဇံလှ နင်လိုက်ဦးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှပြန်ကြမယ်လေး ။ ။

အရီးသာလုံး ကြေးကိုင်တုန်းက၊
တို့အိမ်တောင်ကြန်စုံကုန်း၊
တနေ့တုန်းက လဲကာသေ၊
သားရေနှင့် အမဲနံ၊
လက်ပံနှင့် ချိုင်ရလျှင်၊
ကျိုနိုင်လေမွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့်၊
မြိန်လှတယ်လေး ။ ။

ဦးဆောင်းရေးစပ်ပါတယ်။ ဦးဆောင်းဟာ ဘကြီးတော်ဘုရားလက်ထက်မှာ မြဝတီမင်းကြီး ဦးစ၊ မင်းကြီးကတော်ခင်ဆုံ၊ ဦးကြင်ဥ၊ ဦးရွှန်းစသူတွေနဲ့ တခေတ်တည်းပေါ်ခဲ့ပြီး၊ တောသဘာဝကို ဖွဲ့ဆိုသူဖြစ်ပါတယ်။

ဝီကီပီးဒီယားမှာ ဦးဆောင်းအကြောင်း တင်ပေးထားတယ်။ ကျေးဇူး။ ဒါပေမဲ့ စစ်ကိုင်းမင်းဘကြီးတော်ဘုရား၏ လက်ထပ်၌လို့ လက်ထက်ကို သတ်ပုံမှားရေးထားတာကို ပြင်သင့်တယ်။

ကျွန်တော်တင်တာမှာ မူရင်းစာနဲ့ ကွဲလွဲနေရင် ကျွန်တော့မှာ တာဝန်ရှိပါတယ်။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး