လက်ပံပွင့်ကောက် အရောက်လာမယ်


တနှစ်တိတိက တင်ထားတယ်။ တချို့တင်ထားကြတာမှာ မှားနေတာတွေ တွေ့တယ်။ ရွာလေးမို့ မမေ့ပါတယ်တဲ့။ စာသားအမှန်က ရွာဓလေ့မို့ မွေ့ပျော်ဖွယ်ဖြစ်ပါတယ်။

သူငယ်ချင်းဆရာဝန် တေးဂီတသမားက တင်ထားပါတယ်။ ဘိုကလေးတင့်အောင် စာသား၊ ဂီတလုလင် မောင်ကိုကို တေးသွား၊ တေးဆို မာမာအေး၊ အေးအေးသွယ်၊ မိမိလေး၊ အဖွဲ့ - လေရှုးသုန်သုန် မြူမှုံလွင့်ပါး - စကားပျံ့ပျူး ရာသီဦးဝယ် - စပါးပြန့်ပြူး ရာသီဦးဝယ် - ကစားပျံ့ပျူး ရာသီဦးဝယ်။

ပျံ့ပျူးလို့ သတ်ပုံစာအုပ်ဟောင်းတွေမှာ ရေးပါတယ်။ စပါးပျံ့ပျူးလို့တော့ ထင်တယ်။ ကျွန်တော့်နားကလည်း ၃-၄ ခါ နားထောင်တာ သိပ်သေချာတာ မဟုတ်ပါ။ အဲတာ မှားတယ်။ ကစားပြန့်မြူးက မှန်တယ်။

လက်ပံပွင့်ကောက် အရောက်လာမယ်

နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခရပြီကွယ်။

လေရူးသုန်သုန် မြူမှုန်လွင့်ပါး ကစာပျံ့ပြူး ရာသီဦးဝယ် ကြည်နူးစရာ ဒို့ရွာဖျားတွင် ကြီးမားပင်စည် ပွင့်နီလက်ပံ ဝဲပျံမြေပေါ် လျောင်းစက်ပျော်တယ်။

ဒို့ရွာသူ ပျိုဖြူတသင်းမယ် သီချင်းသံပြိုင်သီကာရယ် လက်ပံပွင့်ကောက် အရောက်လာတယ်။

ရွာဓလေ့မို့ မွေ့ပျော်ဘွယ် သူဦးကိုယ်ဦး မြူးတူးလုယက် ပျော်ကွက်ကိုရှာ နှစ်သိမ့်ကာနေမယ်

နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကျ မြေခရပြီကွယ်။

လက်ပံပွင့်ကောက် အရောက်လာမယ် https://www.youtube.com/watch?reload=9&v=gcaamYV5oTM

ဒီစာရေးပြီးမှ မာမာအေးက ကိုညိုအောင် (ပခုက္ကူ) ဆီ ကွန်မင့်ရေးတော့ ကစားပျံ့ပြူးလို့ ဆိုပါသတဲ့။

အမှားတွေကို ရေးသား သီဆို သာယာကြတဲ့ခေတ် ကုန်ဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂၀၁၉
၁၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး