Monday, February 24, 2020

သူ၏ပါးထက် မျက်ရည်တစက်

ကဗျာသတ်ပုံကို တစ်လုပ်ထားလို့ ထောက်ပြပါတယ်။ ဟုတ် စာအုပ်မှာပါတဲ့အတိုင်းရေးလို့ပါ။ နောက်ဆို စာလုံးပေါင်းသတ်ပုံ၊ စာအရေးအသားတွေ သေချာဂရုစိုက်ပါ့မယ်။

တုန်လှုပ်နေသောတယောကြိုး

သူ၏ပါးမှာ
တယောပြားကလေး မှီနွဲ့လျက်။
သူ့လက်ဖျားက
ပန်းများပွင့်ဝေ၊ တချို့ကြွေလျက်။

သူ့နှလုံးမှာ
အပြုံးမရှိ။

သူ့ဘဝမှာ
အလှမရှိ။

သူ့မှာ ရှိသည်
အိအိညက်ညော၊ တယောတလက်။

တယောကြိုးကား
ထိုးတံကိုင်တိုင်း၊ အသံလှိုင်းက
မုန်တိုင်းတွေလာ၊ မိုးတွေရွာလျက်။

သားရိုင်းပမာ၊ အော်ညည်းရာမှ
တစတစ၊ ပင့်သက်ချကာ
ငြိမ်ကျလျက်
သူ၏ပါးထက်၊ မျက်ရည်တစက်။ (တင်မိုး)

နောက်လူတွေက တင်မိုးထက်တော်ကြတယ်။ အမည်က တစ်မိုးတဲ့။ မင်းသုဝဏ်ထက်လည်း တော်ကြတယ်။ အမည်က မင်းသုဝစ်တဲ့။ ဇော်ဂျီထက်လည်းတော်ကြတယ်။ အမည်က ယူနီကုဒ်တဲ့။

မြန်မာစာ တုန်လှုပ်နေပါသည်။ သားရိုင်းပမာ၊ အော်ညည်းရာမှ၊ တစတစ၊ ပင့်သက်ချကာ၊ ငြိမ်ကျလျက်၊ သူ၏ပါးထက်၊ မျက်ရည်တစက်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၉
၂၄-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...