Coronavirus လူလိမ်တွေ လူလိမ်ပွဲစားတွေများတယ်

ဆရာရေ အဲ့လိုတွေတင်နေတယ် အမှတ်မှားပြီး လူတွေပေါ့ဆမှာ စိုးရိမ်တယ်

ကိုရိုနာဗိုင်းရပ်စ်က အဲယားကွန်ကြောင့်လို့ရေးတာကို ပြောတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ဆိုင်တာကို အဲလိုဟာတွေ တမျိုးပြီးတမျိုး၊ တယောက်ပြီးတယောက် အမှားတွေ မမှန်တာတွေ လိမ်ညာတောတွေ တင်နေကြတယ်။ တခုစီကိုတော့ ပြန်မရေးအားပါ။ အချက်အလက်မှန်တာ နည်းလမ်းမှန်တာတွေကို ၄-၁-၂၀၂၀ နေ့ကတည်းက နေ့တိုင်းတင်ပါတယ်။

မြန်မာပြည်မှာ လူလိမ်တွေများတယ်။ လူလိမ်ပွဲစားခေါ် မမှန်တာကို ပို့ကြ ဝေကြသူတွေလည်းများတယ်။ အလိမ်ခံနေရမှန်း မသိသူတွေကလည်း အတော်ကိုများတယ်။ လူ အချိန် ပိုက်ဆံကို မှန်တဲ့နေရာမှာ သုံးတတ်သူ နည်းနေတယ်။ ဖေ့စ်ဘွတ်မှာ လူလိမ်အများဆုံး။

ကြက်သွန်နီစား၊ အရက်သောက်၊ ရေသောက်၊ အပူချိန်၊ ဟိုက်ပိုသီးဆစ်၊ အဲယားကွန်း၊ လာဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး