Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ် ၂၆-၂-၂၀၂၀ နေ့ခင်း

• ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တရုပ်ပြည်ပြင်ပကို ပိုမိုကူးစက်မှုတွေရှိလာ။
• ၂၇၆၁ ယောက် သေဆုံး၊ ၈၁၀၀၀ ကျော် ကူးစက်ခံထားရ။
• ပြင်သစ်မှာ အသက် ၆၀ အမျိုးသားတဦး ပဌမဆုံးသေဆုံး။
• ပြင်သစ်မှာ ဒုတိယလူနာ သေဆုံး။
• စတော့ဈေးကွက် နည်းနည်းပြန်ငြိမ်လာ။
• ဘရာဇီးလ်မှာ ပဌမဆုံးလူနာတွေ့ရှိ။
• ဗြိတိသျှလေကြောင်းလိုင်းက ခရီးသွားလာသူနည်းလို့ အီတလီမီလန်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်။
• တရုပ်ပြည်ပြင်ပမှာ တောင်ကိုရီးယားနဲ့ အီရန်ပြီးရင် ဥရောပတောင်ပိုင်းနိုင်ငံထိကူးစက်နေ။
• တရုပ်ပြည်မှာကစားမဲ့ အီတလီဘောလုံးပွဲ ဖျက်သိမ်းလိုက်။
• အီရန်နဲ့ ကူးလူးဆက်ဆံမှုများတဲ့ ပါကစ်စတန်မှာ သေချာလူနာ ၂ ယောက်စတင်တွေ့ရှိ။
• ပြင်သစ်နိုင်ငံ Nice မြို့က ကာနီဗယ်ပွဲ ဖျက်သိမ်းလိုက်။
• ဂျော်ဂျီယာမှာ ပဌမလူနာတွေ့ရှိ။
• ယူအက်စ်မှာ လူနာသစ်တွေတွေ့ရှိ။ စုစုပေါင်း ၅၉ ယောက်ရှိ။
• ဒေါ်နယ်ထရမ့်က CDC ကူးစက်ရောဂါဌာနကအရာရှိတွေနဲ့အတူ သတင်းစာရှင်းပွဲလုပ်မယ်။
• Delta လေကြောင်းလိုင်းက တောင်ကိုရီးယားခရီးစဉ်တွေ ဖျက်သိမ်းထား။
• အီတလီမှာ ၂ ရက်အတွင်း လူနာသစ် ၃ ဆတိုးလာ။
• Toyota တိုယိုတာ တရုပ်ပြည်က လုပ်ငန်းတွေ ထိခိုက်။
• ကိုရိုနာဗိုင်းရပ်စ် သတင်းမှားတွေ ပိုပြီးဖြန့်နေကြ။ ဖေ့စ်ဘွတ်မှာ အမှားသတင်းအများဆုံးဖြစ်။

သတင်းတွေ စာရင်းတွေ ပုံတွေ လင့်တွေ လာတင်ရင် ဖျက်ပါမယ်။ ဆောရီး။ အပြုသဘောမဆောင်တဲ့ ကွန်မင့်တွေလည်း ဖျက်ပါမယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂၀၂၀
နေ့ ၂ နာရီ ၄၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး