Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

တရုပ်ပြည်မှာ တနင်္ဂနွေနေ့က ၉၇ ယောက်ထပ်မံ သေဆုံးခဲ့။ စုစုပေါင်းသေဆုံးသူ ၂၄၄၂ ယောက်။ ကူးစက်ခံရသူပေါင်း ၇၆၉၃၆ ယောက်။

တရုပ်ပြည် ဝူဟန်မှာ အသက် ၂၉ နှစ်အရွယ် ဆရာဝန်တဦး သေဆုံး။ ဆရာဝန်သေဆုံးရတာ ၂ ဦးရှိသွားပြီ။

တောင်ကိုရီးယားမှာ အမြင့်ဆုံး အနီရောင်အဆင့် အရေးပေါ်ထုတ်ပြန်ထား။ ၆ ယောက်သေဆုံးပြီး။ ၆၀၀ ကျော် ကူးစက်ခံထားရ။

အီတလီနိုင်ငံ Venice Carnival ဗင်းနစ်မြို့မှာကျင်းပတဲ့ ကာနီဗယ်ပွဲတော်ကို ၂ ရက်တိုပြီးအဆုံးသတ်လိုက်ရ။ အီတလီမှာ ၁၅၂ ယောက်ကူးစက်ခံရပြီး ၃ ယောက်သေဆုံးထားပြီး။ တချို့မြို့တွေမှာ သွားလာဝင်ထွက်ခွင့် ၂ ပတ် ပိတ်ထားလိုက်။ ဘောလုံးပွဲတွေလည်း ပိတ်ခံရ။

ဖိလစ်ပိုင်မှာ နှစ်စဉ်ကျင်းပမြဲ လူစုလူဝေးနဲ့ စေ့စပ်ပွဲမှာ သတို့သားလောင်းနဲ့ သတို့သမီးလောင်းတွေက နှာခေါင်းစည်းတွေနဲ့ ဆင်နွှဲကြရ။ Bacolod ဘာကိုလော့ဒ်မြို့မှာ စုံတွဲပေါင်း ၂၂၀ ပါဝင်။

အီရန်မှာလည်း စိုးရိမ်နေရ။ ၈ ယောက်သေဆုံးပြီး။

ဒိုင်းမွန်းပရင့်စ် သင်္ဘောပေါ်က အိန္ဒိယလူမျိုး ၁၂ ယောက်ကူးစက်ခံခဲ့ရ။

အာဖကန်နစ်စတန်မှာ ပဌမဆုံး သံသယရှိလူနာတွေ့ရှိ။

ဂျပန်ဧကရာဇ်က တိုကျိုအိုလန်ပစ်ပွဲအတွက် စိုးရိမ်မှုရှိနေ။ ဂျပန်မှာ လူနာ ၈၀၀ ကျော်ပြီ။

France, India, Hong Kong, Japan, Nepal, Spain, Cambodia, Belgium, Singapore, Sweden, Egypt, the United Arab Emirates, Italy, Vietnam, Taiwan, Canada and Sri Lanka နိုင်ငံတွေမှာ ကူးစက်ခံရသူ အနည်းဆုံး ၁ ယောက်ရှိ။

တကမ္ဘာလုံးမှာ သေဆုံးသူပေါင်း ၂၄၆၅ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၇၉၉၃၀ ယောက်ရှိပြီ။ တရုပ်ပြည်ပြင်ပမှာ သေဆုံးတာ ၂၀ ယောက်။ တရုပ်သမတက ဒါဟာ ပြဿနာကြီးဖြစ်တယ်။ အကြီးမားဆုံးစမ်သပ်မှုဖြစ်တယ်လို့ ပြောဆိုလိုက်။

ကမ္ဘာမှာ နိုင်ငံများစွာမှာ ကူးစက်ခြင်း ခေါ် Pandemic ပင်းဒမစ် ခေါ် ကပ်ရောဂါအဆင့်ရောက်ရန် နီးစပ်နေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၂၀
ညနေ ၃ နာရီ ၀၁ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး