Sunday, February 23, 2020

ရေမှာမျောနေရှာသည့်ပန်း

အရောအနှောတွေ ပေါလွန်းလှတဲ့တိုင်းပြည်ဖြစ်နေပါပြီ။ မြန်မာ့ဆိုရှယ်လစ်ခေတ်က စခဲ့တယ်။ လူသုံးကုန်ပစ္စည်းတွေ ရှားလွန်းလို့ အစစ်ထဲမှာ အတုတွေရောကြတယ်။ ဆီကိုရေးချိုးနိုင်အောင် ကြွယ်ဝခဲ့တဲ့လူမျိး ဆီအစစ် မစားကြရတော့ပါ။ ပြည်ပပို့တဲ့ဆန်ထဲ ရောကြလို့ ဆန်တင်သင်္ဘောတွေ ပြန်ရောက်ရောက်လာခဲ့တယ်။ ထိုင်းနယ်စပ်နဲ့ တရုပ်နယ်စပ်ကလာတဲ့ ဆေးတွေ မစစ်ပါ။

အခုလည်း တစိတ်တပိုင်းအရပ်သားအစိုးရလက်ထက်မှာ ယူနီဖေါင်းပါ ရောထားပြန်တယ်။

စစ်အစိုးရနောက်တခါတက်ကတည်းက ပညာတွေ စာတွေပါ မစစ်တော့ပါ။ ကနေ့ ရေးသားထုတ်ဝေနေတဲ့ ရသစာတွေ၊ သုတစာတွေ၊ ကျောင်းစာတွေထဲမှာ အရောရောအနှောနှောတွေ ပါနေတယ်။

စားသုံးသူအဖွဲ့အစည်းတွေက အရောအနှောတွေကို ထုတ်ဖေါ် လှုံ့ဆော်ကြတယ်။ ကောင်းတယ်။ စာအမှန်တွေကတော့ နောက်ကြောင်းပြန် အရေးမယူရဥပဒေနဲ့ ငြိနေတယ်။

မျိုးဆက် ၂ ခုကြာပြီဖြစ်လို့ လူတွေရဲ့ သွေးသားထဲမှာကို အရောအနှောတွေ စိမ့်ဝင်ထားပြီးပြီ။ စဉ်းစားတွေးခေါ် ကြတာတွေက အရောဓါတ်ခံအရ ထွက်လာတော့တယ်။ အစစ်ကို အစစ်လို့ပြောတာကို လက်ခံနိုင်စွမ်းရှိသူ အရေအတွက် မများလှတော့ပါ။

ခေတ်ပေါ်မြန်မာစာလုံးလေးတွေဟာ ငမိုးရိပ်ချောင်းတွေထဲ မျောပါနေတယ်။ အညာမှာတော့ ရွှေတချောင်းထဲ ပေါလော ပေါလော။

မြန်မာစာဟာ ဗေဒါဖြစ်လို့သာ တော်တော့တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...