Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ

(ကန်တော့)

၁။ ရုံး letter head နဲ့ရေးတဲ့စာရဲ့ စာကြောင်းအဆုံးမှာ (။) မချပဲ အစက်တွေချတာကတော့ မြင်ရတာ တော်တော်ဆိုးတယ်ဆရာ။ စကားပြောပုံစံမို့လို့များလား။

ပို့ပေးတဲ့ Fame Pharmaceuticals ကရေးထားတဲ့ရုံးစာကို မတင်တော့ပါ။ အမှားထောက်ပြရတာ အားနာရတယ်။

Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ https://doctortintswe.blogspot.com/2019/01/full-stop.html

၂။ မင်္ဂလာပါ ဆရာရှင်ကျမ အသက် ၃၄နှစ် အိမ်ထောင်ရှိပါတယ်ရှင် မရိုသေစကားပြောရရင် ကျမရဲ့မိန်းမကိုယ်ဘေးနား ဘယ်ဘက်အရေပြားအပေါ်မှာ ပြီးခဲ့တဲ့လ ၁၁လပိုင်း ၂၉ရက်နေ့ (ရာသီမလာခင်က) အဖုတဖုပေါက်နေလို့ပါအဖုက ထိရင်နာပါတယ် မွှေးကျွတ်နာပဲမှတ်ပြီး ဒီတိုင်းပဲနေလိုက်ပါတယ် ၁၁လပိုင်း ၂၉ ရက်နေ့နောက်ပိုင်းရာသီလာပြီး ၅ရက်လောက်ထိ အဖုကရှိသေးတော့ ညှစ်ကြည့်တာ အဖုဘေးနားက သွေးလေးတွေထွက်လာပါတယ် အဖုအလယ်တည့်တည့်ကတော့ အထဲက မာပြီးအဆံရှိတဲ့ပုံနဲ့ ညှစ်လို့မရပါဘူး အခုဆိုတလနီးပါးရှိပေါပြီ ၃ရက်တခါ ညှစ်ကြည့်ပေမယ့် စစချင်းညှစ်တဲ့ ဘေးနားတွေကပဲ သွေးတွေထွက်ထွက်နေလို့ပါ ကင်ဆာဖြစ်မှာဆိုးလို့ပါရှင် ဘယ်လိုမျိုးဆေးဝါးနဲ့သင့်တော်မယ်ဆိုတာ ဆရာကြီးညွှန်ပြပေးပါအုန်းရှင် ဆေးခန်းပြရင်ရော အရေပြားနဲ့ဆိုင်တဲ့ဆရာနဲ့ပဲ စမ်းသပ်ရမှာလားဆိုတာ ဆရာလမ်းညွှန်ပေးပါအုန်းရှင်

ဒေါ့ ၃၅ လုံးကိုဖျက် ဖတ်ရတယ်။ မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ ဆိုးလို့ပါ မဟုတ်။ စိုးလို့ပါလို့ ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်တယ်။ မေးခွန်းအရ ဘာလဲ မသိနိုင်သေး။ ကင်ဆာနဲ့ မတူ။ ကြွက်နို့လား၊ ပြည်တည်နာလား စဉ်းစားရ။ အိုဂျီပြနိုင်။

၃။ မင်္ဂလာပါ ဆရာရှင်ကျမ ဆရာလမ်းညွှန်ပေးတဲအတိုင်း အိုဂျီနဲပြကြည်တာ ဒီတိုင်းရိုးရိုးဝက်ခြံလိုအဖု (မိန်းကလေးတွေမှာ ရှိလေရှိထရှိတတ်တဲအဖု)ပဲဘာမှမဟုတ်ဘူးလိုပြောပြီး ဆေးညွှန်းအတိုင်း ဆေးတပတ်စာ ပေးပါတယ် တပတ်နေ ထပ်ပြတော အဲအဖုလေးကရှိပြီး ညှစ်လိုက်ရင် သွေးလေးတွေထွက်တာပဲမို နောက်ထပ်ဆေး 5ရက်စာ ထပ်ပေးပါတယ်ရှင် ဒုတိယအကြိမ် ဆေး 5 ရက်စာသောက်ပြီးပေမယ်အဲအဖုလေးက အခုထိမပျောက်သေးဘဲ ဒီနေဆိုနည်းနည်းလေး ယောင်ပြီး တင်းသလိုနဲဒီအတိုင်းကို သားငန်ရည်လေးတွေ ထွက်နေလိုပါ ဘာဆက်လုပ်သင်လဲဆိုတာ ဆရာလမ်းညွှန်ပေးပါအုန်းရှင် ဆေးစာအုပ်လေးနဲ့သားအိမ်ခေါင်းကင်ဆာအတွက် စစ်ထားတဲ့အဖြေလေးပါ ဆရာညွှန်ကြားပေးလို့ရအောင် ပို့ပေးတာပါရှင်

နောက်မေးခွန်းထဲက ဒေါ့ ၃၄ လုံးကိုဖျက်လိုက်တယ်။ ဆေးစစ်ချက်အရ ကင်ဆာမရှိ။

မြန်မာစာမှာ ဖူးလ်စတော့ မရှိ။ ဒေါ့ မရှိ။ အဲတာတွေပါနေရင် ဖတ်ရတာခက်ပြီး ပို့စ်မှာသုံးချင်ရင် အကုန်လိုက်ဖျက်နေရတယ်။ အဲလိုမထည့်ပါရန်လို့ အကြိမ် ၂၀-၃၀ လောက် တင်ထားပါတယ်။ တခြားသူတွေဆီရေးရင် ကြိုက်သလိုရေးပါ။ ကျွန်တော့်ဆီကိုတော့ သည်းခံပါရန်။

တချို့က ပုဒ်မအစား ဖူးလ်စတော့ထည့်ရိုက်တော့ စာတွေအစကနေအဆုံးထိ ဝါကျတကြောင်းတည်းလိုဖြစ်နေတယ်။

Period ဖူးလ်စတော့ နှင့် ဝစ္စပေါက် https://doctortintswe.blogspot.com/2019/02/period.html

၎။ ဆရာရှင့် ကျမအသက်က ၄၃ပါဆရာ အိမ်ထောင်ရှင် ကလေးနှစ်ပါဆရာ လိင်အင်္ဂါကြွက်နို့အကြောင်းလေး သိချင်လို့ပါဆရာ သားအိမ်ထုတ်ထားပါတယ်ဆရာ အမျိုးသမီးတွေက အမျိုးသားဆီက ကူးတာဟုတ်ပါသလားဆရာ အဲ့အမျိုးသားက လိင်ဆက်ဆံဖက်များလို့ဖြစ်တာလားဆရာ လိင်အင်္ဂါကြွက်နို့ဖြစ်ရင် ဘယ်လိုကုရမလဲဆိုတာရယ် သားအိမ်ထုတ်ထားတဲ့အမျိုးသမီးအတွက် အန္တရာယ်ဖြစ်နိုင်ပါသလားရှင် မိန်းမဖိုမှာအဖုလေးတခုတွေ့လို့ မသင်္ကာလို့ပါရှင် ဆရာကျေးဇူးပြုပြီးဖြေပေးပါနော် ကျေးဇူးပါဆရာ

မေးခွန်းထဲက (.) ၃၆ လုံးကို ဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ ခေါ်တာ မရှိပါ။ အဲတာတွေထည့်ရေးရင် မေးခွန်းတခုလုံးဟာ ဝါကျတကြောင်းတည်းသာ ဖြစ်နေတယ်။ နေ့တိုင်း ပြန်ပြောနေရတယ်။ မောလှပြီ။

မိန်းမကိုယ်လို့ ရေးရတယ်။ အဲလိုမှားရေးသူတွေ မနည်းပါ။ အန္တရာယ်ကိုလည်း ပြင်လိုက်တယ်။ မှားရေးသူတွေ မနည်းပါ။

၅။ ဆရာ ECee2ကို ၂၅ရက်နေ့က သောက်ထားပါတယ် အခုထိရာသီမလာသေးဘူး စိုးရိမ်ရလား ၂၄ရက်နေ့က ဆက်ဆံpး အရင်ကဆို သောက်pး ၇ရက်နေရင်ရာသီလာပါတယ် ထပ်ခါထပ်ခါသောက်ရင် ဆေးသောက်လည်း ကိုယ်ဝန်ရနိုင်ပါလားဆရာ

ရာသီ တပတ်နောက်ကျချိန်မှာ ဆီးစစ်နိုင်။ ဘယ်အရာမှ ၁၀၀% မရှိ။

P B D ရောဂါများ https://doctortintswe.blogspot.com/2018/10/p-b-d.html

အရင်မေးခွန်းတွေမှာ P တလုံးတည်းရေးတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ သည်တခါ (း) ပါထည့်တယ်။ မြန်မာလို ရေးတာမှာ ( . ) တွေ ထည့်ရိုက်ကြတယ်။ ရေးတဲ့သူတွေ မနည်းဘူး။ ပို့စ်မှာသုံးချင်ရင် အကုန်လိုက်ပြင်ရတယ်။

မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ။ အခုတော့ အင်္ဂလိပ်စာမှာ ဝစ္စပေါက်ရှိနေပြီ။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၉
၂၅-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး