သတင်းရေးနည်း

နိုင်ငံရေးသတင်းမှာ ကိုယ်ကြိုက်တဲ့ပါတီကောင်းကြောင်း ကိုယ်မကြိုက်တဲ့ပါတီ မကောင်းကြောင်း ချဲ့ကားရေကြတာ မပြောလိုပါ။ ဘယ်ပါတီမှ မကောင်း၊ ငါသာကောင်းလို့ ရေးလည်း ပြောရန်မရှိပါ။

သဘာဝဘေးအန္တရာယ်သတင်းနဲ့ ကျန်းမာရေးသတင်းကိုလည်း အဲလို မလုပ်သင့်ပါ။

ကိုယ်ကြော်ငြာချင်တဲ့ဆေး ၉၆ ပါးပျောက်တယ် ပြောကြတယ်။ ယုံတဲ့သူ နည်းနည်းသာရှိမယ်။

ကျန်းမာရေးသတင်းကို မီဒီယာတချို့ရေးသားတင်ပြတာ သဘောမကျပါ။ ဇာတ်လမ်းတွေဆင်၊ ခြောက်တဲ့သူကခြောက်၊ လျော့ပေါ့ရေးသူကရေး။ အပိုတွေ အလိုတွေပါ။ ကပ်ရောဂါသတင်းကို ဝတ္ထုလို ရေးတဲ့သူက ရေးကြတယ်။

ကိုရိုနာဗိုင်းရပ်စ်သတင်းကို သေဆုံးသူအရေအတွက် အများဆုံးတင်ပြီး ငါအရင်ဆုံးသိသူ၊ ငါကွလို့ လက်မထောင်တာတွေ နေ့တိုင်း မြင်နေရတယ်။ အဲတာမျိုးစောင့်ဖတ်နေတဲ့ ပရိသတ်ကလည်း များပုံရတယ်။

စင်ပေါ်က ကပြသူနဲ့ ဖျာခင်း ထိုင်ကြည့်သူ အချိုးညီတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး