Cipladine စီပလာဒင်းဆေး

ဆရာရှင့် ကျွန်မသားလေးအသက် ၁နှစ်နဲ့ ၇လပါ လိင်တံအရေပြားရှည်လို့ ဖြတ်ထားတာ ၂ပတ်ရှိပါပြီ အနာက မကျက်တဲ့အပြင် လိင်တံထိပ်လေးမှာ ပြည်လေးတွေပါတည်နေပါတယ် infection ဝင်တာလားရှင် ပိုးသတ်ဆေး သောက်ရုံနဲ့ အဆင်ပြေပါ့မလားရှင် တခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်လို့ ကျေးဇူးပြုပြီးဖြေပေးပါဦးနော်

Cipladine စီပလာဒင်းဟာ အနာထည့်ဆေးဖြစ်တယ်။ ဆေးရည်နဲ့ ညှစ်ဗူးရှိတယ်။ ဆေးရည်ကို မွေးစကလေးချက်ကို ထည့်ရတယ်။ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်။

Antisepti and disinfectant agent လို့ခေါ်တယ်။ ပိုးသန့်ဆေးဖြစ်တယ်။ အနာတွေ ဒဏ်ရာတွေအတွက် သုံးတယ်။ ဒဏ်ရာက မသန့်ရင် အရင်သန့်အောင်လုပ်ပေးရမယ်။ သန့်တယ်ဆိုတာ အမျိုးမျိုး။ ဖယ်သင့်တာရှိရင် ဖယ်ရှားရမယ်။ ဆပ်ပြာနဲ့ရေး ဆေးရတာရှိတယ်။ အနာဘေးကနေ အရက်ပျံလိမ်းရတာရှိတယ်။ အနာဒဧ်ရာထဲ အရက်ပျံ မထည့်ရ။

မေးခွန်းပါကလေးလို ပန်းအဖျားခွဲစိတ်တာမှာ ဆီးက အမြဲစိုနေတယ်။ ဆီးသွားပြီးတိုင်း ခြောက်သွေ့စေပြီး အခုဆေးထည့်ရမယ်။

အနာ ဒဏ်ရာတွေမှာ ဆေးထည့်တာနဲ့ လုံလောက်တာရှိတယ်။ တချို့ကို ပဋိဇီဝဆေး ခေါ် ပိုးသေဆေး စားဆေးဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် လိုတယ်။ အနာ ဒဏ်ရာတိုင်း ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုဖင် လိုတယ်။ အနာသက်သာစေမယ်။ ရောင်တာသက်သာစေမယ်။ ဖျားရင် အပူကျစေမယ်။ ကလေးတွေ အသက်အရ ပေးရတယ်။

Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း https://doctortintswe.blogspot.com/2016/10/phimosis-and-circumcision.html
Surgical wound care ခွဲစိတ်နာ https://doctortintswe.blogspot.com/2014/12/surgical-wound-care.html
Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://doctortintswe.blogspot.com/2018/01/wound-healing.html

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး