Anxiety စိုးရိမ်စိတ်

ကျေးဇူးပါဆရာ ဒါဆို စိုးရိမ်စရာ မလိုဘူးပေါ့နော်။

စိုးရိမ်ရသလားမေးခွန်းကို ဘယ်သူကမေမေး မဖြေပါ။ စိုးရိမ်စိတ်ဆိုတာ အတော်ကို မတူကြပါ။ ကလေးမကျန်းမာတာကို အမေနဲ့ အဖေ စိုးရိမ်တာ မတူကြ။

ကျား နဲ့ မ ဖြစ်လို့သာမဟုတ်။ ရောဂါအကြောင်း ပိုသိသူနဲ့ မသိသူ စိုးရိမ်မှု မတူပါ။

တချို့က အဖြစ်သဲတယ်။ နည်းနည်းလေးဖြစ်တာ ပြာပြာသလဲ ဖြစ်တယ်။ တချို့က ကင်ဆာဖြစ်နေလည်း ဖေ့စ်ဘွတ်ဆေးနည်းနဲ့ ကျေနပ်တယ်။

လူနာတယောက်တည်းအပေါ်မှာထားတဲ့ ဆရာဝန်နဲ့ လူနာရှင် စိုးရိမ်မှု မတူပါ။

အရပ်စကား မြန်မာလို စိုးရိမ်မှုကို ဆေးပညာနဲ့ ခွဲထားတာတွေ များတယ်။ မတူပါ။ ဆေးပညာသင်ယူသူမဟုတ်သူတွေကို ပြောရင် ခေါင်းရှုတ်စေမယ်။

အဲလိုမေးခွန်းလာရင် ဆရာဝန်တွေက နှုတ်စောင့်ကြတယ်။ ဆရာဝန်က မစိုးရိမ်ပါနဲ့လို့ပြောခြင်းဟာ ရောဂါကို ကုသတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး