မြန်မာစာသည် လုံးဝန်း၏

ဆရာ့ကျေးဇူးနဲ့ ကျုပ်လဲ စာမေးပွဲတွေမှာ တစ် ကို တ နဲ့ ဖြေဖြေနေတာ အကျင့်ပါနေပြီဗျို့ စာစစ်တွေကတော့ ဘာကိုယူပြီး စစ်လဲတော့မသိ။

စာသင်ကျောင်းတွေမှာ၊ ရုံးတွေမှာ၊ အစိုးရဌာနတွေနဲ့ လွှတ်တော်တွေမှာ မတစ်ရင် မဖြစ်တဲ့။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အရ အတည်ဖြစ်နေတယ်။ အာဏာသိမ်းပြီးမှ စတယ်။

စာမေးပွဲအောင်လိုသော် ကျွန်ုပ်ပြောသလို မရေးနှင့်။ အလုပ်ရလိုသော် ကျွန်ုပ်ပြောသလို မရေးနှင့်။ ဥပဒေပြုလိုသော် ကျွန်ုပ်ပြောသလို မရေးနှင့်။

ကမ္ဘာကြီးသည် အိမ်မှာ ပြား၏။ မြန်မာစာသည် ကျောင်းမှာ မှား၏။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး