လက်သုတ်

ဂျပန်မှာ အလုပ်လုပ်နေသူတယောက်က တစ်ရှူးတွေ ဝယ်မရတော့ဘူး၊ ဘယ်လိုလုပ်ရမလဲတဲ့။

ဆောရီး။ ကိုယ့်ဆီမှာလို လက်ကိုင်ပဝါ၊ လက်သုတ်ပဝါလေးတွေ သုံးရမယ်။ ခဏခဏလျှော်ရမယ်။ အဲဒီမှာတော့ စက်နဲ့လျှော် စက်နဲ့ခြောက်။

လက်ဆေးပြီး၊ သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်သုတ်ရတယ်။ စိုထိုင်းနေတာကို ပိုးတွေက ကြိုက်တယ်။ အထူးသဖြင့် ဖန်းဂတ်စ် ခေါ် မှိုပိုး။ မိုးစိုစို မှိုကို သတိထား။

နှာချေတိုင်း ချောင်းဆိုတိုင်း ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူးနဲ့ ဖုံးအုပ်ထားရမယ်။ တစ်ရှူးကို စနစ်တကျ စွန့်ပစ်ရမယ်။

လက်သုတ်ပဝါကိုလည်း အဲလိုသုံးနိုင်တယ်။ ချည်အစစ်လည်းရတယ်။ ရောထားတဲ့အဝတ်စလည်း ရပါတယ်။ မကြာမကြာ လျှော်ရမယ်။ ခြောက်အောင်ထားရမယ်။ တဦးစီသုံးတာ ပိုကောင်းတယ်။ စားပွဲ ခုံ စတဲ့ မျက်နှာပြင်တွေကိုလည်း မကြာခဏ သန့်ရှင်းပေးပါ။ ခြောက်သွေ့နေပါစေ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး