အိမ်သုံး လိမ်းဆေးများ



သမီးလေးက အသက် ၅နှစ်နဲ့ ၆လ ပါ ခြေဖဝါး အလယ်ခေါင်မှာ အရည်ကြည်ဖုလေး သုံး ဖုတွေ့ပါတယ်ဆရာ ဘေးပတ်ပတ်လည်မှာတော့အရည်ကြည်ဖုမဟုတ်ဘဲ အနီရောင်အစက်လေးတွေတွေ့ပါတယ် ခြေဖဝါးကို ကုတ်ကုတ်နေတာတော့ကြာပါပြီ ခုမှသတိထားမိပြီး သေချာကြည့်လိုက်တော့မှ အရည်ကြည်ဖု ၃ခုရယ် အနီရောင်အစက်လေးတွေရယ် တွေ့ပါတယ်ဆရာ ခြင်ကိုက်ဖုပုံစံမျိုးပါ လိမ်းဆေးလေး ညွှန်းပေးပါဆရာ သမီးလေးက စာကြည့်စားပွဲမှာ ပုံဆွဲ ဆေးရောင်ခြယ် စာရေးတဲ့အခါ ခြေထောက်ကိုတွဲလဲချပြီး ထိုင်ပါတယ်ဆရာ ငြိမ်နေတဲ့ခြေဖဝါးကို ခြင်တွေကိုက်လို့ဖြစ်တာထင်ပါတယ်ဆရာ အရည်ဖုကိုလဲ မဖောက်ရဲဖြစ်နေလို့ပါဆရာ ဖောက်လိုက်လို့ ပိုးဝင်သွားမှာလဲ ကြောက်လို့ပါဆရာ လိမ်းဆေးလေးပဲလိမ်းချင်လို့  ဆေးလေးညွှန်းပေးပါဆရာ

အနာလို အရည်ကြည်ဖုလို ဖြစ်လာရင်တော့ Cipladine cream လိမ်းသင့်။ အင်းဆက်ကောင် ကိုက်စမှာ Calamine lotion, Steroid 1% cream တခုခုလိမ်းနိုင်။

Ulcer အနာ https://doctortintswe.blogspot.com/2017/10/ulcer.html
Wound Dressing အနာဒဏ်ရာ ဆေးထည့်နည်း https://doctortintswe.blogspot.com/2016/12/sterilization-add-on.html
Insect bite အင်းဆက်ကိုက်ခြင်း https://doctortintswe.blogspot.com/2019/04/insect-bite.html

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး