Rh Groups မိဘသွေး ကလေးသွေး

၁။ ဆရာရှင့် မိဘ ၂ ပါးလုံး Rh positive ဖြစ်ပြီး ကလေးတွေမှာ Rh negative ဖြစ်လာနိုင်ကြောင်းလေးပါ ပြောပြပေးလို့ ရမလားရှင့်။ မိဘနှစ်ပါးလုံး rh positive ပါ။ မောင်နှမ ၃ ယောက်မှာ ၂ ယောက်က negative ဖြစ်ပြီး တယောက်က positive ပါ။

လူတိုင်းကို သွေးအုပ်စုခွဲရင် တစုံစီသိလာမယ်။ A, B, O, AB နဲ့ + သို့မဟုတ် - ဖြစ်တယ်။ - ဆိုတာ Rh အုပ်စုခွဲတာ ဖြစ်တယ်။ A, B, O, AB လေးစုလုံးမှာ + နဲ့ - ရယ်လို့ လေးမျိုးရှိတယ်။ အဲတော့ စုစုပေါင်း ရှစ်မျိုးလို့ပြောနိုင်တယ်။

Rh status ဆိုတာ မိဘနှစ်ပါးဆီကနေ ဗီဇအမွေရလာတာဖြစ်တယ်။ မိဘတွေမှာ သွေးအုပ်စုမတူတာတွေဖြစ်ဘို့များတယ်။ နှစ်ယောက်လုံးဆီကနေရမယ်။ dominant Rhesus D antigen ခေါ်မျိုးဗီဇကို မိဘတယောက်ဆီကနေရလာမယ်ဆိုရင် အဲဒီကလေးဟာ Rh-positive ဖြစ်ဘို့ ၈၅% ရှိတယ်။ အဲလိုမရသူမှာ Rh-positive ဖြစ်ဘို့ ၁၅% သာရှိမယ်။

မိဘနှစ်ယောက်လုံးက Rh-positive ဖြစ်နေပြီး၊ ကလေးဟာ Rh-negative ဖြစ်နိုင်ပါတယ်။ မိဘနှစ်ယောက်လုံးက Rhesus D မရှိသူတွေဖြစ်နေလိမ့်မယ်။

Rh blood group system အာရ်အိတ်ခ်ျ သွေးအုပ်စုခွဲနည်းစနစ်

မင်္ဂလာပါဆရာ ကျွန်မ မိတ်ဆွေရဲ့ သမီးလေးက မျောက်သွေးလို့ ပြောပါတယ် အဲ့ဒီမျောက်သွေးပိုင်ရှင်ကလေးတွေက တချက်မှအငြိမ်မနေတက်ဘူး အိမ်ထောင်ပြုရင်သားမမွေးနိုင်ဘူးလို့ ပြောပါတယ် ကျွန်မအနေနဲ့ မျောက်သွေးအကြောင်းကို သိချင်ပါတယ်ဆရာ စာတွေရှာဖတ်တော့လဲ မိဘ၂ ပါးမှာ တယောက်က RH- တယောက်က RH+ ဆို ကလေးမှာ အန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးတွေဘဲတွေ့နေရပါတယ်ဆရာ မျောက်သွေးနဲ့ပတ်သက်ပြီး ရှင်းပြပေးဆရာ

Rh blood group ကို ဘာသာပြန်တော့ ရီးဆပ်စ်မန်းကီးသွေး။ ကျွန်တော်ကတော့ တခါမှ အဲလိုမသုံးပါ။ အဲတာ (+) ဖြစ်လို့ ပိုမဆော့ပါ။ မိန်းကလေးမှာ ပိုအရေးကြီးတယ်။

Blood Type Incompatibility သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း https://doctortintswe.blogspot.com/2016/08/blood-type-incompatibility.html
Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား https://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html
Rh blood group system အာရ်အိတ်ခ်ျ သွေးအုပ်စုခွဲနည်းစနစ် https://doctortintswe.blogspot.com/2014/11/rh-blood-group-system.html
Rh factor and pregnancy ကိုယ်ဝန်ဆောင်နဲ့ Rh သွေးအုပ်စု http://doctortintswe.blogspot.com/2016/09/rh-factor-and-pregnancy-rh.html
Rh Groups မိဘသွေး ကလေးသွေး https://doctortintswe.blogspot.com/2017/11/rh-groups.html

ဒေါက်တာတင့်ဆွေ
၉-၁၁-၂ဝ၁၇

၂၉-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး