Friday, February 21, 2020

Coronavirus ကိုရိုနာဗိုင်းရပ်စ် အပ်ဒိတ်

1. ကူးစက်ခံရသူပေါင်း ၇၆၀၀၀ ကျော်ရှိ။ သေဆုံးသူပေါင်း ၂၂၄၉ ယောက်။
2. ယူအက်စ်အေမှာ ကူးစက်ခံရရသူ ၃၄ ယောက်ရှိ။ ထပ်တိုးရန် အလားအလာရှိ။ အပျော်စီးသင်္ဘောခရီးသည် ၂၈ ယောက်ကူးစက်ခံထားရ။
3. တရုပ်တာဝန်ရှိသူတွေက ကူးစက်မှုရေတွက်နည်း ထပ်မံပြောင်းလိုက်။
4. အီတလီမှာ ပဌမဆုံးလူနာ သေဆုံး။
5. လက်ဘနွန်နဲ့ အစ်ဇရေးလ်မှာ ပဌမဆုံး ကူးစက်ခံရသူ တွေ့ရှိ။
6. အီတလီမှာ ကူးစက်ခံရသူ အရေအတွက် တိုးလာ။
7. အီရန်မှာ ၂ ယောက်သေဆုံး။ လူနာသစ် ၁၃ ယောက်တွေ့ရှိ။ စုစုပေါင်း ၁၈ ယောက်။
8. တောင်ကိုရီးယားမှာ ဒုတိယလူနာ သေဆုံး။
9. သြစတေးလျမှာ အပျော်စီးသင်္ဘောခရီးသည် ၄ ယောက်ကူးစက်ခံထားရ။
10. တရုပ်ပြည်မှာ ရောဂါပျောက်ပြီး ဆေးရုံဆင်းသူ ဆေးရုံပြန်တင်ထားရ။
11. ဝူဟန်မြို့မှာ အဖြစ်ဆောက်ဆေးရုံ ၁၉ ခုဆောက်မယ်။

Coronavirus Epidemic ကိုရိုနာ ကပ်ရောဂါ

၁။ အိမ်မှာနေပါ။
၂။ နေမကောင်းမဖြစ်စေနဲ့။
၃။ အလုပ်ပြန်လုပ်။

အဲတာက တရုပ်ပြည်မှာ ကိုရိုနာ ဆောင်ပုဒ်။

ကနေ့အထိ ၇ သောင်း ၇ ထောင်ကျော်ကူးစက်ခံရပြီးပြီ။ ၂၂၅၀ ယောက် သေဆုံးပြီးပြီ။

တရုပ်ပြည်မှာ ကုန်ထုတ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်ကိုင်တယ်။ ရောဂါပြန့်ပွါးနှုန်း နည်းနည်းကျလာတော့ လူတွေက အလုပ်ပြန်လုပ်ချင်နေကြပြီ။

အဲတာကနေ ဒုတိယအကျော့ ရောဂါပြန့်ပွါးလာမလား စိုးရိမ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၂၀
ည ၈ နာရီ ၂၉ မိနစ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...