စလယ်ဝင်အိုး

ဆွေမျိုးမရှိ
သားသမီးတွေ နေသည့်အရပ်
ဇာတ်သိမ်းခန်း ကဘို့ရာ ရောက်လာကြပါသည်။

ငါးနှစ်ဆိုတာ ပြန်စဉ်းစား
အမေရီးကားမှာ မင်းရွာသားနဲ့ ညောင်ကန်သူ
လူရည်လည်လာကြပြီ။

ဈေးသွား ဆေးရုံသွား ကားစီးတတ်ကြပြီ
ဘိုစကား ဟယ်လိုစကား အနည်းအပါး ပြောဆိုတတ်ကြပြီ။

စလယ်ဝင်အိုး အဖိုးနဲ့အဖွား
လူတကျိပ်စာ မုံ့ဟင်ခါး
အလည်လာသူ ကံထိုက်သူအတွက် ရည်ရွယ် ချက်ထားသည်။

တသက်တာ နှစ်ယောက်စာ
သင်ခဲတဲ့စာ လေ့လာထားတဲ့ပညာ
မေးလာတဲ့သူ ကံထိုက်သူအတွက် ရည်ရွယ်ရေးထားသည်။

(ကဗျာ မဟုတ်ပါ။)

ဒေါက်တာတင့်ဆွေ
၁၉-၂-၂၀၂၀

Comments