King Lear Spell Checked မင်းသုဝဏ်ကို သတ်ပုံပြင်ပေးကြသောပညာရှင်များ

ကျွန်တော့်ဆီမှာ မူရင်းစာအုပ်ရှိတယ်။ အွန်လိုင်းဒေါင်းလုဒ်နဲ့ တိုက်ကြည့်ပါတယ်။ ပညာရှင်တွေက မင်းသုဝဏ်ကို သတ်ပုံပြင်ပေးထားကြတယ်။

ကင့်။ ဪ၊ ဒါနဲ့ သည်လူငယ်က အရှင့်သားမဟုတ်ပါလား။

ဂလော်စတာ။ အင်း၊ သူ့ကို ကျွေးမွေးသုတ်သင်ဖို့က ကျုပ်ရဲ့တာဝန်ဖြစ်ခဲ့ပါတယ်ဗျာ။ သူ့ကို သားလို့ပြောရတဲ့အတွက် မျက်နှာပူခဲ့ရပေါင်းများပါပြီ။ အခုတော့ အရေထူသွားပါပြီလေ။

ကင့်။ မြို့စားမင်း ဘာဆိုလိုပါသလဲ။ ကျုပ်မယူ တတ်ဘူး။

ဂလော်စတာ။ မြို့စားမင်းကသာ မယူတတ်တာ။ သူ့အမေကတော့ ယူတတ်တယ်ဗျိုး။ သန္ဓေယူတာလေ။ ယူတယ်ဆိုရင်ပဲ သူ့ဗိုက်ကြီးဟာ လုံးလုံးလာပြီး သဉ္စာမှာ ကြင်ရာနဲ့ မစက်ခင်က၊ ပုခက်တင်မင်္ဂလာကိုပေးဖို့ ဟောဒီကောင်ကို မွေးပါလေရောဗျို့။ အပြစ်နံ့များ ထွက်ပါသလားဗျ။

ကင့်။ အပြစ်ဆိုရင်လည်း မဖြေစေလိုပါဘူး မြို့စားမင်း။ အပြစ်ကမွေးတဲ့သားက လူချောကလေးပဲဟာကိုး။
သို့သော်လည်း ကျုပ်မှာ တရားဝင်သားတယောက်ရှိပါသေးတယ်။ သူ့ထက် တနှစ်လောက်ကြီးပါလိမ့်မယ်။ တရားဝင်သားမို့လို့ အချစ်တော့မပိုပါဘူးလေ။ ဟောဒီသူငယ်ဟာ အခေါ်မလွှတ်ခင် လူတောထဲကို ဇွတ်တိုးဝင်လာတဲ့ လူဆိုးကလေးပဲဗျ။ ဒါပေမယ့် သူ့အမေက တယ်ချောတယ်လှပဲ။ ကလေးရအောင်အားထုတ်ရတာကလည်း ပျော်စရာအကောင်းသားဗျို့။ ဒါ့ကြောင့်လည်း ဟောဒီဗိုင်းတာမသားကို သားအဖြစ်နဲ့ အသိအမှတ်ပြုရပါတယ်။

ကန်တော့ပါ။ မြန်မာစာမှာ ဗိုင်းတာမသားတွေ များလွန်းလှတယ်။ ကန်တော့။ ဆောရီး။ 

မင်းသုချဉ်တွေများတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး