ဆရာစောကျောင်း

မနှစ်က ဒီလိုနေ့မှာ နေပြည်တော်ရှိ ကာကွယ်ရေးတက္ကသိုလ်မှာ ပထမဆုံးအကြိမ် သင်တန်းပို့ချသတင်း ဖတ်ရတယ်။

ကျွန်တော်လည်း မြန်မာစာတချိန်စာလောက် ဘယ်တော့ ပြောခွင့်ရမလဲမသိ။ နေပြည်တော်တွေ တက္ကသိုလ်တွေမှာတော့ ဗီဇာမရလောက်။ ဆရာစောကျောင်းလောက်ဆို ရပါပြီ။ ကျွန်တော်က သိပ္ပံမောင်ဝခေတ်က မြန်မာစာသာ တတ်တယ်။ တပေကုလားကို တပေကုလားလို့သာ သင်ပေးမှာ။ 

ခုခေတ်တက္ကသိုလ်တွေမှာ တပေကို တပေလို့ မရေးကြတော့ ၁၂ လက္မ ကျော်သလားမသိ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၉
၂၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး