Arteriosclerosis သွေးကြောကျဉ်းရောဂါ

Arterial disease or arteriosclerosis သွေးကြောရောင်ခြင်းက ဘယ်လို ဆေးပညာမှာသုံးတာဆိုတာလေး အင်္ဂလိပ်လို တချက်လောက်ပြောပေးပါ ဦးဇင်းရှာကြည့်တာတော့ အဲဒီလိုရတယ် တချက်လောက် အမှန်မမှန် ဘယ်လို ခေါ်တာ ဆိုတာပါ ပြောပြပေးပါ ဒကာကြီး။

Arteriosclerosis သွေးကြောကျဉ်းရောဂါ ဆိုတာ သွေးလွှတ်ကြောလေးတွေ တင်းမာပြီးကျဉ်းလာတာ။ အောက်စီဂျင် သယ်ယူပို့ဆောင်မှုမှာ နှေးစေတယ်။ သက်ဆိုင်ရာနေရာမှာ သွေးမဝဖြစ်မယ်။ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်။ အရေးကြီးတယ်။

Atherosclerosis ဆိုတာက အဲဒါထဲက တခုဖြစ်တယ်။ နှစ်မျိုးကို ရောပြောကြတာလည်းရှိတယ်။ သွေးလွှတ်ကြောနံရံမှာ အဆီ ခေါ် ကိုလက်စထောတွေ စုဝေးနေလို့ဖြစ်တယ်။ Plaque လို့ခေါ်တယ်။ အဲတာကပေါက်ကွဲသွားနိုင်တယ်။ သွေးခဲ ဖြစ်လာမယ်။ ပိတ်သွားမယ်။ နှလုံးရောဂါလို့ဆိုနိုင်ပေမဲ့ တခြားနေရာတွေမှာလည်း ဖြစ်နိုင်တယ်။

တဖြည်းဖြည်းဖြစ်လာတဲ့ရောဂါ။ မဖြစ်အောင် ကာကွယ်လို့ရတယ်။ ဖြစ်စမှာ ဘယ်လိုမှ မခံစားရသေး။ ရောဂါရှိနေမှန်း မသိကြ။ နှလုံးမှာဖြစ်ရင် heart attack ရမယ်။ ဦးနှောက်မှာဖြစ်ရင် stroke ခေါ် လေဖြတ်မယ်။ နှလုံးသွေးကြောကျဉ်းရင် ရင်ပတ်နာမယ်။ Angina လို့ခေါ်တယ်။

ဦးနှောက်မှာဖြစ်ရင် ခြေ လက် ထုံမယ်။ အားနည်းလာမယ်။ လှုပ်ရှားလို့ အရင်လို မကောင်း။ စကားပြောမကောင်း။ မျက်စိ ယာယီကြည့်မကောင်း။ မျက်နှာကြွက်သားတွေ အားနည်းမယ်။ transient ischemic attack (TIA) ရောဂါစပြီဆိုတာ သိရမယ်။ မကုသရင် Stroke ဆထုပ် ခေါ် လေဖြတ်မယ်။

ခြေလက်သွား သွေးကြောကျဉ်းရင် ဖြစ်တဲ့ခြေလက်မှာ နာမယ်။ ကိုင်လို့ လမ်းလျှောက်လို့ အရင်လိုမရဖြစ်မယ်။ ကျောက်ကပ်မှာဖြစ်ရင် ကျောက်ကပ်အလုပ် မလုပ်နိုင်ဖြစ်မယ်။ kidney failure ခေါ်တယ်။

အကြောင်းခံများ
High blood pressure သွေးတိုးရှိခြင်း၊
High cholesterol ကိုလက်စထောများခြင်း၊
High triglycerides အဆီတမျိုးများခြင်း၊
Smoking ဆေးလိပ်သောက်ခြင်း၊
Obesity အဝလွန်ခြင်း၊
Diabetes ဆီးချိုရှိခြင်း၊
Arthritis အဆစ်ရောင်ခြင်း၊
Family history မိသားစုထဲမှာ အဲလိုဖြစ်ခဲ့သူရှိခြင်း၊
Lack of exercise ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊
Unhealthy diet ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်မ စားသူဖြစ်ခြင်း၊
Lupus လူးပတ်စ်ရောဂါရှိခြင်း၊
Infections ရောဂါပိုးဝင်ခြင်း ရှိသူတွေမှာ ဖြစ်နိုင်တယ်။

Complications နောက်ဆက်တွဲဖြစ်နိုင်သည်များ
Coronary artery disease နှလုံးသွေးကြောရောဂါ၊
Carotid artery disease ဦးခေါင်းသွားသွေးကြောရောဂါ၊
Peripheral artery disease ခြေလက်သွားသွေးကြောရောဂါ၊
Chronic kidney disease နာတာရှည်ကျောက်ကပ်မကောင်းခြင်း၊
Aneurysms သွေးကြောပေါက်ကွဲခြင်း။

Prevention ကာကွယ်နည်း
Lifestyle changes လူနေမှုပုံစံ ပြောင်းပါ။
Quitting smoking ဆေးလိပ်ဖြတ်ပါ။
Eating healthy foods ကျန်းမာရေးနဲ့ညီညွတ်နဲ့ အစားအစာ စားသောက်ပါ။
Exercising regularly ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
Maintaining a healthy weight ကိုယ်အလးချိန် ချပါ ထိန်းပါ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး