Skin Allergies and Contact Dermatitis အရပ်ဆေး ဘေးအန္တရာယ်

ကျွန်မအသက် ၂၈ ပါဆရာ ရာသီပုံမှန် ကျန်းမာရေးကောင်းပါတယ် ဆရာ ကျွန်မအခု ရှမ်းမြောက်ရောက်နေတော့ ရာသီဥတုအလွန်အေးပြီး အသားပတ်တာကြောင့် လွန်ခဲ့တဲ့ ၄ ရက်လောက်က ကလေးတွေသုံးတဲ့ အသားလှဆီတမျိုးကို သုံးလိုက်မိပါတယ်ဆရာ ဒီအသားလှဆီက ကျွန်မတို့ငယ်ငယ်ကလဲ သုံးခဲ့ဖူးတဲ့ အလှဆီပါပဲဆရာ မြွေအဆီကနေ ထုတ်ထားတယ်လို့ သိရပါတယ် ကလေးတွေအတွက်ထုတ်တာပါ ငယ်တုန်းကလဲသုံးဖူးတာကြောင့် အလွယ်တကူ အိမ်က ကလေးတွေနဲ့အတူ သုံးလိုက်မိပါတယ် သုံးပြီး ၂ ရက်မြောက်နေ့မှာ မျက်နှာတပြင်လုံး ယားပြီး စပ်ပြီး အဆက်မပြတ် ကုတ်ချင်မိပါတယ် ကုတ်လဲကုတ်မိပါတယ် ၂ ရက်နဲ့ ၃ ရက်မြောက်မှာ မျက်နှာတွေ ယောင်လာပါတယ် မျက်ခွံတွေပါ ယောင်မို့အစ်ပြီး ခံစားချက်က အင်ပြင်လိုဖြစ်ပါတယ် နှာလဲအဆက်မပြတ်ချေတာနဲ့ တခုခု ဓာတ်မတည့်ဘူးထင်ပြီး cetrisyn မနက် နေ့လည် ည သောက်လိုက်တာ ယာတာတော့ သက်သာသွားပါတယ် ဆရာ ယောင်တာက ခုတော့ မရှိတော့ပေမဲ့ မျက်နှာပြင်မှာ အဖုသေးသေး ဗြုတ်စိတွေ အပြည့်ကျန်ခဲ့ပြီး ထိကိုင်ရင် မာကြမ်းကြမ်း ယားယားကြီး ဖြစ်နေပါတယ် ဘာဆေးလိမ်းပြီး ဘာဆေးသောက်ရပါမလဲဆရာ

ဘယ်အရာနဲ့ဖြစ်ဖြစ် အရေပြားကို လိမ်းတာ ထိတာတွေကနေလည်း သွေးထဲရောက်တယ်။ မတည့်သူတွေ တကိုယ်လုံးမှာ သက်ရောက်မှုတွေ ခံစားရနိုင်တယ်။ မတည့်တာကို ခန္ဓာကိုယ်ကနေ ခုခံတိုက်ဖျက်တာဖြစ်တယ်။ မတည့်တာဆိုတာ ဘယ်အရာတွေကနေမဆိုဖြစ်နိုင်တယ်။

အရေပြားအလာဂျီကနေ Hives အင်ပြင်ဖြစ်စေနိုင်တယ်။ အရေပြားအောက်ပိုင်းထိသက်ရောက်တာကို Angioedema လို့ ခေါ်တယ်။ သက်ရောက်မှုတွေဟာ မတည့်တာဆိုးလေ ဆိုးတာတွေဖြစ်မယ်။

သစ်ပင်သစ်ရွက်ပန်းတွေကနေလည်းဖြစ်တယ်။ Poison ivy အရွက်ကနေ အဖြစ်များတယ်။ Giant hogweed ကနေ ဖြစ်တာကပိုဆိုးတယ်။ လက်ဝတ်လက်စာတွေမှာပါတဲ့ နစ်ကယ်သတ္တု၊ မိတ်ကပ်၊ လိုးရှင်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆန်းစ်ခရင်မ်၊ ဖြန်းဆေး၊ မှုတ်ဆေး၊ ရေမွှေး၊ ပဋိဇီဝလိမ်းဆေး၊ သန့်ရှင်းရေးသုံးဆေးရည်အမျိုးမျိုး၊ ရာဘာပစ္စည်းအမျိုးမျိုး၊ ဘယဆေးအမျိုးမျိုး။

အကောင်းဆုံးကုသနည်းဆိုတာ မသင့်တာကို တသက်လုံးမသုံးဘို့ဖြစ်တယ်။ အဲလိုဖြစ်တတ်သူ ဘာလုပ်လုပ် အကာအကွယ်သုံးရမယ်။

ယားလို့ကုတ်လေ ဆိုးလာလေ။ Calamine lotion ဆေးလိမ်းနိုင်တယ်။ Hydrocortisone cream ခရင်ဆေး လိမ်းနိုင်တယ်။ Antihistamines ဆေးသောက်နိုင်တယ်။ ဥပမာ Cetrizine, Burmeton စားဆေးတခုခု။ ဆေးတွေအားလုံးအကြောင်း ဘလော့မှာရှိတယ်။

ကိုယ်တသက်လုံးသုံးလာတာ မဟုတ်တာတိုင်းကို သတိထားရတယ်။ ခုခေတ်မှာ အစစ်ဆိုတာ ရှားလာတယ်။ မေးခွန်းအရ ဂရစ်ဆရင်း ခေါ် တကယ့်အလှဆီနဲ့ အလှစာလုံးပါ နာမည်ပျက်စေတယ်။ ပုံက မေးခွန်းမေးသူပို့ပေးတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၉-၁-၂၀၁၉

Cetrizine တည တပြား

သမီးအသက် ၂၆နှစ်ပါဆရာ အသက် ၂၄နှစ်လောက်ထဲကစဖြစ်ပါတယ် အခုပိုပြီးဆိုးလာတာပါ မျက်လုံးတွေ၊ ပါးစပ်တွေပါ ယားတော့ ဒီဆေးသောက်ခဏပျောက်ရုံနဲ့ အဆင်မပြေလောက်တော့ဘူးထင်လို့ သမီးဘယ်လိုဆက်ကုသသင့်လည်း မသိလို့ပါဆရာ ကျေးဇူးပြုပြီး အကြံညဏ်လေးတောင်းပါရစေဆရာ ကျေးဇူးတင်ပါတယ်ဆရာ။

Cetrizine တည တပြား https://doctortintswe.blogspot.com/2016/12/hives.html
Hives အင်ပြင်ထွက်ခြင်း https://doctortintswe.blogspot.com/2018/07/cetrizine_2.html
Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html

ဒေါက်တာတင့်ဆွေ
၉-၁-၂၀၁၉

Urticaria ယားပြီး ကုတ်လိုက်တော့ အဖုတွေ ပေါ်လာတာ

မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၈နှစ် အပျိုပါ ရာသီမှန်ပါတယ်။ နောက်ကျော ယားပြီး ကုတ်လိုက်တော့ အဖုတွေ ပေါ်လာတာ နောက်ရက်တွေကျတော့ တကိုယ်လုံးမှာ အနီဖုတွေထွက်လာပါတယ်။ တလပြည့်ပါတော့မယ်။ ဆရာဝန်ပြတော့ ပထမတော့ flucloxacillin ၇ရက် သောက်ခိုင်းပါတယ်။ မသက်သာလို့ Flumox  ၁၀ရက်။ နဲနဲတော့သက်သာပါတယ်  ဒါပေမဲ့ ပြန်ပြန် အဖုတွေပေါက်လို့ cefixime နဲ့ flumox  ၁၀ရက်သောက်ခိုင်းပါတယ်။ ဒီနေ့တော့ kenoral လိမ်းခိုင်းပြီး flumox ဆက်သောက်ရမယ်ပြောပါတယ်။ ဘာဖြစ်လုပ်ရမလဲ ပြောပြပါ။

မေးခွန်းပါသောက်ဆေးတွေက ပဋိဇီဝဆေးခေါ် ဗက်တီးရီးယားအတွက်ဆေးတွေဖြစ်တယ်။ ယားလို့ကုတ်ရာကနေ ပိုးဝင်နေတာအတွက်ဖြစ်မယ်။ ယားစေတဲ့အကြောင်း သိမှသာ နောက်ထပ်မဖြစ်မှာ။ မေးခွန်းပါလိမ်းဆေးက ဖန်းဂတ်စ် ခေါ် မှိုပိုးအတွက်ဖြစ်တယ်။

အလာဂျီစာ ၂ ပုဒ် အခုဆက်တိုက်တင်လိုက်တယ်။

Cetrizine တည တပြား https://doctortintswe.blogspot.com/2016/12/hives.html
Hives အင်ပြင်ထွက်ခြင်း https://doctortintswe.blogspot.com/2018/07/cetrizine_2.html
Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ https://doctortintswe.blogspot.com/2018/08/allergy.html
Skin Allergies and Contact Dermatitis အရပ်ဆေး ဘေးအန္တရာယ် https://doctortintswe.blogspot.com/2019/01/skin-allergies-and-contact-dermatitis.html

ဒေါက်တာတင့်ဆွေ
၉-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး