Pregnancy with IUD သားအိမ်ထဲ ပစ္စည်းထည့်ထားသူ ကိုယ်ဝန်ရခြင်း

(ကန်တော့)

ဆရာ မင်္ဂလာပါ သမီးအသက် ၃၆နှစ်ပါ ကလေး၂ယောက်ရှိပါတယ် အကြီးက ၂နှစ် ၈လ အငယ် ၁နှစ် ၆လပါ ၂ယောက်လုံး ခွဲမွေးထားပါတယ် သားအိမ်ထဲ သန္ဓေတား ပစ္စည်း ထည့်ထားပါတယ် ပုံမှန် လစဉ် ၁ရက်ဆို ရာသီလာပါတယ် ဒီလ၁၀ ရက်ထိမလာသေးလို့ သူငယ်ချင်းက ဆီးစစ်ကြည့်ပါသတိပေးလို့ စစ်ကြည့်လိုက်တာ ၂ကြောင်းပေါ်နေပါတယ် အဲ့လိုပစ္စည်းထည့်ထားတာ စိတ်ချရတယ်ဆိုပြီး ခုလိုဖြစ်တတ်ပါလားဆရာ အဲ့လိုထည့်ထားရင်း ရှိရင်ရော အနေအထားကရော ကောင်းပါလား စိုးရိမ်ရပါလား ဘယ်လိုတွေဖြစ်တတ်လဲ ပြောပြပေးပါ ဆရာ။

ရိုးရိုး IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ ဟော်မုန်းပါ IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။ လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။

သားအိမ်ထဲ IUD/IUCD ပစ္စည်းထည့်နည်းက ၉၉% စိတ်ချရတယ်။ ၁% က ကိုယ်ဝန်ရတာနဲ့ ထွက်ကျတာဖြစ်နိုင်တယ်။ တချို့မှာ သားအိမ်ပြင်ပသန္ဓေတည်တာမျိုးလည်းရှိတယ်။ အာထွာဆောင်းနဲ့စစ်ဆေးပြီး ကိုယ်ဝန်ဆက်တည်မလား ပျက်ကျမလား ချင့်ချိန်ရတယ်။ ဘာဖြစ်လာနိုင်သလဲ မတူကြပါ။ စောစောသိတာကို ဖျက်နည်းတခုခု လုပ်ပေးရတာမျိုးလည်းရှိတယ်။ ဆောရီး။

1. Copper IUD ကောပါးတီ မေးခွန်း https://doctortintswe.blogspot.com/2015/06/copper-iud.html
2. IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း https://doctortintswe.blogspot.com/2014/11/iucd.html
3. Missing IUD strings သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း ရှာမတွေ့ခြင်း https://doctortintswe.blogspot.com/2015/07/missing-iud-strings.html

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး