ဖြေရမှာ အားနာစရာတွေရှိတယ်

ဆရာရှင့်Ox bile 500mg, digestive enzymes, betaine hcl pepsin, probiotic 30 billion, L glutamine 500mg အဲ့ဒီဆေးတွေရဲ့ benefit ကိုသိချင်တာပါရှင့် ဆေးတွေမှာ ဘာအာနိသင်တွေပါလည်း ကောင်းကျိုး ဆိုးကျိုးကို သိချင်တာပါရှင့် အသက် ၂၆ အမျိုးသမီး အိမ်ထောင်မရှိ ၀မ်းမှန်ပါတယ် ရာသီလည်းမှန်ပါတယ် နာတာရှည်လေနာရှိ Facebook ပေါ်မှာအဲ့ဒီဆေးတွေကလေနာ ပျောက်ကင်းတယ်လို့ဖတ်ရလို့ရှင့် Side effects ဖြစ်မှာလည်းကြောက်လို့ပါရှင့် Calcium ဆို အရိုးတွေကိုသန်မာစေတယ် အဲ့ဒီလိုပုံစံမျိုး ဒီဆေးတွေကျ ဘယ်လိုအကျိုးအာနိသင်ရှိလဲဆိုတာကို သိချင်တာပါရှင့်

ဖေ့စ်ဘွတ်မှာရေးတာတွေကို မဖြေလိုပါ။ ကိုယ့်ကိုစမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ကညွှန်တဲ့ဆေးကိုသာ မေးရင် ဖြေပါတယ်။

ဆေးတွေအကြောင်း ရောဂါတွေအကြောင်းကို ဆေးသုတေသနနဲ့ ရောဂါဗေဒအရ ရေးထားတာတွေကို ဘလော့မှာ တင်ထားတယ်။

ဖေ့စ်ဘွတ်မှာ ဆေးရောင်းသူတွေကလည်း ရေးကြတယ်။ ကြားကနေ ကိုယ်ထင်တာ ဝင်ရေးသူတွေလည်းရှိတယ်။ ဖြေရတာ အားနာစရာတွေရှိတယ်။ အားလုံးက ကိုယ့်တိုင်းပြည်ကလူတွေ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး