ယမုန်နာအလွမ်း

စစ်ကိုင်းမြို့မှာ မိုးရွာစေဖို့ လွန်ဆွဲပွဲလုပ်တဲ့သတင်း ဖတ်ရတယ်။ ငရံ့မင်းပရိတ်ရွတ်တာနဲ့ မိုးခေါင်ကျော်စွာနတ်မင်း လို့လည်း ပါတယ်။ နတ်အမည်ကို အခုမှသာကြားဖူးတယ်။

ကျွန်တော်တို့ နယူးဒေလီမှာနေရစဉ်ကလည်း တချို့နှစ်တွေမှာ မိုးခေါင်လို့ မြန်မာပြည်ကဘုန်းကြီးတွေက ငရံ့မင်းပရိတ် ရွတ်ပေးကြရတယ်။ ပူပူလောင်လောင်နဲ့ ရေရှိရာ ယမုန်နာမြစ်ထဲသွားရတာ။ သောင်ပြင်မှာ ဖျာတချပ်စာနေရာလွတ်ကို အတော်ရှာရတယ်။ ကန်တော့။ အညစ်အကြေးစွန့်ကြလို့။ ဗမာပြည်ကလူတွေက လွန်မဆွဲဖြစ်ခဲ့ပါ။ စစ်ကိုင်းသူတွေလို အားမရှိလို့။

ဧရာဝတီနဲ့ ချင်းတွင်း၊ ဂင်္ဂါနဲ့ ယမုန်နာမြစ်တွေ သန့်ရှင်းပြီး ရေးစီးရေလာ ကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး