CIA စီအိုင်အေ တဲ့

ဒီစာကို နှစ်ပတ်လည်အဖြစ်ပေါ်လာတော့ ချက်ချင်းမတင်လိုသေးပါ။ ခဏနေတော့ တပ်ချုပ် တရုပ်ကအပြန် ရုရှားသွားတဲ့သတင်းတွေ့တာနဲ့ တင်ပါရစေ။

လွန်ခဲ့တဲ့ (၄) နှစ်လောက်က ပြည်ပြေးလို့အခေါ်ခံရသူတွေ နေ့နံမကောင်းဖြစ်ခဲ့တယ်။ ဘုန်းကြီးဘွဲ့နဲ့ကတခါ။ လူနာမည်ကတခါ စွပ်စွဲလာတယ်။ အမေရိကားမှာဆန္ဒပြရင် CIA က ဘယ်လောက်ထောက်ပံ့ကြေး ပေးပါသလဲတဲ့။

ကျွန်တော်တော့ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတခါ၊ ယူအက်စ်အေမှာ ဆန္ဒပြတာ ပါဘူးတယ်။ မေရီလင်းကနေ ဝါရှင်တန် ဒီစီသွားဖို့ အသွားအပြန် မက်ထရိုခကုန်ခဲ့တယ်။ US ကိုအရင်က ၅ ခေါက်ရောက်တယ်။ CIA ရုံးချုပ်နားလည်း ရောက်တယ်။ ပိုက်ဆံပေးတဲ့သူ အခုထိမတွေ့သေးပါ။

CIA နဲ့ KGB နဲ့မခြား၊ မြန်မာပြည်က MI ကလည်း ငွေသုံးနိုင်ပါတယ်။ မြန်မာပြည်မှာ နေ့တွက်နဲ့ဆန္ဒပြတဲ့ခေတ်ပေါ်တာ မကြာသေးပါ။

စစ်အစိုးရက ကွန်မြူနစ်တရုပ်ဆီက ယူတာကိုတော့ ထောက်မပြဘူး။ တရုပ်ပေးနည်းက ရော့ပတ္တမြား၊ ရော့နဂါး မဟုတ်။ ရော့ နဂါး၊ ရော့ ကြေးစင်တောင်။

ကွန်မြူနစ်ဟောင်းရုရှားဆီက နယူကလီယာရီယက်တာ ရတယ်။ ဟိုကလည်း အထည်ကြီးပျက်မို့ နယူကလီယာတွေကို ဈေးပေါပေါနဲ့ ရောင်းချင်နေတာ။

CIA က သူ့အလုပ်သူ လုပ်မယ်။ MI ကတော့ သူ့အလုပ်မဟုတ်တာတွေ လုပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၇
၂၁-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး