အရေအတွက်ပါ စကားစုများ

တချို့ဆိုစကားတွေက ရေတွက်လို့ရတဲ့သဘော မဟုတ်ပါ။

ကံကောင်းရင်တချက် ကံမကောင်းရင်တသက်
ကင်းခြေများ ခြေတချောင်းကျိုး၍ အသွားမပျက်
ကမ္ဘာလဆန်းတရက်နေ့က
ကွန်တချက် ဟင်းတခွက်
ကွမ်းတရာညက် ဆေးတဆုံကျွမ်း
ကျွန်ယုံ တဘက်ကန်း သားသမီးယုံ စုံလုံးကန်း
ကျွန်ပေါင်တရာ ကျွဲမှာတခြံ
ကျွဲနှစ်ကောင်ကြားက မြေဇာပင်
ကိုးဆယ့်ခြောက်ပါးရောဂါ
ကိုးနဝင်းကျေ
ကိုးလလွယ် ဆယ်လဖွါး
ကုသိုလ်တပဲ ငရဲတပိဿာ
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး
ကျားမရဲ တစ် လူမရဲ ဟစ်
ခုနစ်အိမ်ကြား ရှစ်အိမ်ကြား
ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်
ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်
ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်
ငါးပါးမှောက်
စုံးလုံးကန်း
စာတလုံး ဘုရားတဆူ
စိန်တဆင်စာ
စိန်တရစ် မြတရစ်
ဆင်တကောင်လုံးတွေ့မှတော့ ဆင်ခြေရာရှာမနေနဲ့
ဆန်တပြီ ငွေတမတ်
ဆန်တအိတ်နဲ့ ဆိတ်တကောင်
ဆန်ကောလောက်မှ ဇောက်မနက်
ဆယ်မိုးဆယ်နွေ ကြာလေလေ
ဆယ်ရေး တရေး
ဆယ်နှစ်ရာသီ
ဆရာ့ထက် သားတလကြီး
ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်းပျက်
တကန့်စီ တကန့်စီ
တကိုက်လောက် ပေးပါ
တကိုယ်တည်း လူပျိုကြီး
တကိုယ်ကောင်းဆန်သူ
တကိုယ်တော်
တကိုယ်ရေ တကာယ
တကုန်းတက်၍ တတောင်ကိုကျော် တပင်မှာနားသော်
တကူးတကန့် (တကူးတက)
တကျပ်တပြား ပေးသနားပါ
တခဏတွင်း
တခဏပန်း
တခွက်တဖလား
တခွန်းဆို တခွန်း
တခွန်းဆိုင်
တခွန်းတပါဒမျှ မဟ
တခါပြင်
တခါလာလည်း မဲပြာပုဆိုး
တခါလိမ် နှစ်ခါလိမ်
တခါသုံး
တခါသေဖူး ပျဉ်ဖိုးနားလည်
တခုတ်တရ
တချက်ခုတ် နှစ်ချက်ပြတ်
တဆံခြည်တမျှင်
တည တပြားသောက်
တညတပြားသောက်
တညတာ
တတက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်
တတိုင်းတပြည်လုံး တကမ္ဘာလုံး
တထီး တနန်း
တနပ်စားဉာဏ်
တနယ်တည်းသား
တပင်လဲမူ တပင်ထူ
တပွင့်ပန်းပန်
တပါးသူ နမ်းမှာစိုး
တပူပေါ် နှစ်ပူဆင့်
တဖက်ကမ်းခတ်သည်
တဖူနာသည်
တဗိုလ်ကျ တဗိုလ်တက်
တခြုံကွယ် တမယ်မေ့
တဘဝလုံး
တမိုးလုံး ဖျောက်ဆိပ်
တမိုးအောက် တယောက်ထင်
တမိပေါက် တယောက်ထွန်း
တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား
တခြုံကွယ် တမယ်မေ့
တပြည်လုံးအနှံ့
တပြား နှစ်ပြားခွါ
တပြားမကျန် အကုန်အပ်
တမြုံတမ
တရွာ တကျီဆောက်
တရွာမပြောင်း သူကောင်းမဖြစ်
တရာ့ကိုး တရာ့တဆယ်သမား (အလုပ်လက်မဲ့)
တလ ကိုးသီတင်း
တလက်ကိုင်
တလင် တမယားစံနစ်
တလမ်းလုံး
တလိမ်နှစ်လိမ် ပွေလိမ်ရှုတ်တယ် လူကြာကြီးပေါ့ကွယ်
တလုတ်စားဖူး သူ့ကျေးဇူး
တသက်တကျွန်း
တသက်နဲ့တကိုယ်
တသက်မှာ တခါကြုံ
တသားမွေး တသွေးလှ
တအိုး တအိမ်ခွဲ
တဦးကောင်း တယောက်ကောင်း
တိုင်းတပါးသား
တကောင်တမြီး မရှိ
တကောင်ကြွက်
တကော်လောက်
တကျောင်းတကဂါ တရွာတပုဒ်ဆန်း
တခေါ်လောက်ဝေး
တနေ့ လေးကြိမ်သောက်
တနေ့တလံ ပုဂံဘယ်ရွေ့မလဲ
တနေ့လုပ်မှာ တနေ့စား
တနေ့နေ့ တချိန်ချိန် တနေရာရာ
တနေကုန်
တမှေးအိပ်
တယောက် တကမ္ဘာဝေး
တယောက် တလက် တအား
တယောက် တပေါက်
တယောက်စကား တယောက်နား
တယောက်ဆိုတယောက်
တယောက်တခွန်း စကားများ
တယောက်တမျိုး မရိုးရအောင်
တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရ
တရေးတမော
တရွေးသားလောက်
တလှေတည်းစီး တခရီးတည်းသွား
တအောင့်လောက်
တနွယ်ငင် တစင်ပါ
တနှစ်တခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း
ထမင်းအိုးတလုံးကျက်
ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်
နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွေး
ပိဿာလေးနဲ့ နံဘေးပစ်
ပုဝါတကမ်း
ပျားရည်တစက်နဲ့ ဝမ်းချ
ဖန်တရာတေနေပြီ
ဖိနပ်တရံ
ဖျာတချပ်စာ
ကြွက်သေတခု အရင်းပြု
ကြိမ်ဖန်များစွာ
ဗိုလ်တထောင် တပ်သားတယောက်
ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
ဘုရားတဆူ ဂူတလုံး
မ တထောင် တကောင်ဖွါး
မင်းနားတထောင် မင်းမြှောင်တသိန်း
မယ်တရွာ မောင်တမြို့
မလိမ့်တပတ်
မှဲ့တပေါက် မစွန်းစေရ
မိန်းမမာယာ သဲကိုးဖျာ
မီးစတဖက် ရေမှုတ်တဖက်
မျက်စိတဖက်လပ်
မျက်စိတမှိတ် လျှပ်တပြက်
ခြူးတပြား မရှိ
ပြည်ပန်းညိုချိုပါလျက် ဆားတပွင့်ကဖျက်
ပြဒါးတလမ်း သံတလမ်း
ရုံးတရုံး ဓါးတစင်း
ရည်းစားတထောင် လင်ကောင်တယောက်
ရှင်ဘုရင်တခါထွက် ပဲကြီးတလှေချက်
ရှစ်စပ်ကလည်
ရာသက်ပန် ရိုးမြေကျ
လက်တကမ်းအလို
လက်တဆုပ်လောက်
လက်တဖြစ်တီး
လက်တလုံးခြား လွတ်မြောက်
လက်ရုံးတဖက်ပြုတ်
လက်သန်းတလုံးလောက်
လက်ရေတပြင်တည်း
လက်နှစ်ဖက်တီးမှ မြည်သည်
လင့်တမျက်နှာ တရွာထင်
လှတမျက်နှာ ယဉ်တကိုယ်လုံး
လျှပ်တပြက်
လူ့ပြည်ကအပ်တစင်းနှင့် ဗြဟ္မာ့ပြည်ကအပ်တစင်းတို့ ဆုံတွေ့သကဲ့သို့ လူ့အဖြစ်သည်ရခဲ၏
လူတကိုယ် အကြိုက်တမျိုး
လူတကိုယ်စွတ်ရုံသာရွာတဲ့မိုး
လူတကိုယ်စာ
လူတခု ပူမှုရယ်တဲ့ဆယ်ကုဋေ
လူတရပ်လောက်
လူပျင်းလုံ့လ တခဏ
လူမျိုး ၁၀၁ ပါး
သုံးထပ်သား
သုံးပန်လှ
သုံးလွန်းတင်မှကြိုး
သုံးကျောင်းပြောင်းသောရှင် သုံးလင်ပြောင်းသောမယား
သုံးချောင်းထောက်
သုံးယောက်ပေါင်း လောင်းကျော်
သံသေ တဆွေဝ ပြဒါးသေ တပြည်ဝ
သစ်တပင်ကောင်း ငှက်တသောင်းခို
သမင်ဆယ်လှမ်း ကျားတလှမ်း
သမိုင်းတလျှောက်လုံး
သမီးတကောင် နွားတထောင်
သမုဒ္ဒရာ ဝမ်းတထွာ
သူတထူး၏ကျေးဇူး
သူတပါးမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိ
ဟင်းလေးအိုး
ဟန်တခါပြင် ရွှေစင်ဆယ်တင်း
အဆီတထပ် အသားတထပ်
အပလီတသိန်း အပလိမ်းအနန္တ
အကြိမ်ကြိမ်အဖန်ဖန်
အဝတ်တထည် ကိုယ်တခု
အသွားမတော် တလှမ်း
အသီးတရာ အညှာတခု
အိမ်တဆောင် မီးတပြောင်
အတောင်နှစ်ဆယ်ဝတ်
အမေတခု သားတခု
အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ
အမေပြောတော့ တလ မယားပြောတော့ တည
ဥတုသုံးပါးခံ
ဥသြတခွန်း ယင်တဇွန်း
ဧကောဓမ္မော
ကော်တရာ ကပ်စေးနဲ
ခွေးရူးကောင်းစား တမွန်းတည့်
ခွေးတကောင် ကြောင်တမြီး
ခေါင်းတလုံးနဲ့ အိုးနှစ်လုံးမရွက်နိုင်
ခေါင်းသုံးနဲ့လူကိုမေး
ချော့တခါ ခြောက်တလှည့်
တောင်းတလုံးနဲ့ အလုပ်မဖြစ်
ထောင်ဒဏ်တသက်
ထောင်မြင် ရာစွန့်
နေ ထန်းတဖျား
ပေလေးပင် ရှင်လေးပါး
ကြွေတလက် ကြက်တခုန်
ကြောင်တသက် ကြက်တမြုံ
မေးတခွန်း ထူးတခွန်း
ယောကျားကောင်း မောင်းမတထောင်
ခြောက်တိုင်ကုတင်
ခြောက်ပြစ်ကင်း သဲလဲစင်
ခြေနှစ်ချောင်း မကယ်ကောင်း
ရေကိုသားသော် အကြားမထင်သကဲ့သို့
ရေချမ်းတအိုး မိုးချမ်းတပေါက်
ရေစီးတခါ ရေသာတလှည့်
ရှေ့မှာတမျိုး ကွယ်ရာမှာတမျိုး
ရေအသက် တမနက် ထမင်းအသက် ခုနစ်ရက်
ရေမွေးတခါဆွတ်
လေးတိုင်စင်
လေးလုံးမကွဲ
လေးသင်္ချေ တကမ္ဘာတသိန်း
လှေကားသုံးထစ်ဆင်း
လှေနံ နှစ်ဖက်နင်း
သေတနေ့ မွေးတနေ့
သေရည်တစက်
သွေးတစက် အသက်တချောင်း
နွားတရှင်း
နှစ်ကိုယ့်တစိတ်
နှစ်ခါပြန်သေရ
နှစ်ခါမွေး သုံးယောက် (တမြွာ)
နှစ်မြွာအသဲ
နှမ်းတစေ့နဲ့ ဆီမဖြစ်
နှာတဖျား
နှုတ်တရာ စာတလုံး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး