Wishes ကြွက်ကိုက် ပိုးဖေါက်တွေ လက်ဆောင်ပေးကြသူများ

၁။ မင်းဟာ တဲ့။

၂။ မင်္ဂလာပါ ပျော်ရွှင်စရာ 🙏🌟🌟 မြန်မာနှစ်သက်ကူးသင်္ကြန်💞💞💞💞 ရောက်တော့မှာမို့သင်္ကြန်သီချင်းလေး💖💞 နားဆင်ပေးပါအုန်း💞💞💞💞💞 သီချင်းလေး💖💖💖💞 နားထောင်ပြီးရင် ကြည်နူးချမ်းမြေ့မှု့ များ

၃။ ကဲ ရေလောင်းမယ်နော် 💦💦💦 ယူတို့လောင်းတဲ့ Video လေးလဲတင်ပေးပါ

ဆုတောင်းစာတိုင်းမှာ သတ်ပုံမမှန်တာတွေများတယ်။ နှစ်သစ်ကူးကိုတောင် မှန်အောင်မရေးတတ်သူတွေ။ မှုမှာလည်း အောက်မြစ်မလို။

မင်းဟာလို့ ရေးထားတဲ့ ဆုတောင်းစာကို ပို့သူ ကျွန်တော့်ထက် အသက်မကြီးလောက်လို့ ထင်ပါတယ်။ စာထဲမှာ
နှစ်သစ်ဆုတောင်းလို့ ရေးရမှာကို ဆုတောင်းနှစ်သစ်လို့ နာမ်နဲ့ နာမဝိသေသန လွဲရေးထားသေးတယ်။ တစ်ဆိုတဲ့ ပေါ်လစီသတ်ပုံတော့ မောလွန်းလို့ မပြောချင် တော့ပါ။

တယောက်ပြီးတယောက် အတူတူတွေပို့နေကြတယ်။ အဲလိုဟာတွေ မပို့ပါရန်လို့ အကြိမ်တရာလောက်တင်ထားတယ်။ နေမကောင်းလို့ မေးတာတွေကိုဖြေဖို့ အချိန်ကုန်စေတယ်။ ခြကိုက်ပိုးထိုးကို လက်ဆောင်မပေးကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး