အကလေးရက်တိုက်ပြီး စင်ပေါ်တက်ကသလား

ဆရာရှင့်ကလေးက လေးနှစ်ပါ ချွဲကျပ်တာ ညမကျပ်ပါတယ် ချောင်းစိုးရင် ချွဲမထွက်နိုင်ပဲ နုတ်ခမ်းတွေပြာသွားပါတယ် ဘယ်လိုလုပ်ကမလဲရှင်

Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/04/babys-cough.html
Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html
Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း http://doctortintswe.blogspot.com/2015/12/homemade-humidifier.html
Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ http://doctortintswe.blogspot.com/2014/11/pneumonia-in-children.html

အဖြေစာတွေ ပို့ပြီးပြီ။ သတ်ပုံပြင်ဦးမယ်။ ချောင်းဆိုးလို့သာ ရေးရတယ်။ စိုး နဲ့ ဆိုး မှားနေသူတွေ အတော်ကိုများတယ်။
ဘယ်လိုလုပ်ကမလဲလို့ရေးကြတာလည်း မှားတယ်။ ကဆိုတာ ကခုန်သည်၊ လှည်းမှာနွားကသည်မှာ သုံးတယ်။

မြန်မာစာသင်ကြားရေး ဆိုးဝါးနေသလား မသိ။ အမှန်နဲ့ အများ ခွဲခြားမသိကြတာကို စိုးရိမ်တယ်။

ဒေါက်တာတင့်ဆွေ
၆-၄-၂၀၁၉

ဆရာရှင့် ကျွန်မသမီး အသက်လေးနှစ်ပါ ချွဲထုပ်မရလို့ ရွာဘက်ကဆိုတော့ ဆေးခန်းတွေက ညဆိုပြကတာ အစဉ်မပြေပါဘူးရှင့် မသက်သာလို့ ရန်ကုန်မာသွားပြပါတယ် ဆရာဝန်က အာသီးရောင်တယ်ပြောပါတယ် ပိုးသတ်ဆေးရယ် ချွဲကျပ်ပြောက်ဆေးရယ် လေးရက်တိုင်းခိုင်းပါတယ် ခုဆေးကလေးရက်ပြည့်ပါပီဆရာ ကလေးက ခုထိချောင်းဆိုးနေသေးတယ် ဘယ်လိုဆက်လုပ်ကမလဲဆရာရှင့် ဆေးနှစ်မျိုးပေးထားတာပါဆရာ လေးရက်တိုက်ကပါတယ် ၈နာရီခြားပီး ခုလေးရက်ပြည့်ပါပီ ကလေးကဆိုးနေပါသေးတယ်ဆရာရှင့်

ကလေးချာင်းဆိုးခြင်းစာတွေ လင့် ၅ ခုပို့ထားတယ်။ ကိုယ့်ကလေးဖြစ်နေတာနဲ့ဆိုင်တာကို လိုက်နာ မနာ မသိ။ ထပ်ဖြည့်ရန် မရှိပါ။

နောက်မေးတာထဲမှာ မနေနိုင်လို့တော့ သတ်ပုံတွေပြင်ပါရစေ။

၁။ ချွဲထုပ်မရလို့ရေးတာမှားတယ်။ ချွဲထုတ်မရလို့ ရေးရတယ်။

၂။ အစဉ်မပြေပါဘူးရှင့် မှားတယ်။ အဆင်မပြေပါဘူးရှင့်လို့ရေးရတယ်။

၃။ ရန်ကုန်မာသွားပြပါတယ် မှားတယ်။ ရန်ကုန်မှာသွားပြပါတယ် သို့မဟုတ် ရန်ကုန်ကိုသွားပြပါတယ်လို့ ရေးရတယ်။

၎။ ချွဲကျပ်ပြောက်ဆေး မှားတယ်။ ချွဲကျပ်ပျောက်ဆေးလို့ရေးရတယ်။

၅။ ပါပီဆရာလို့ရေးတာလွဲတယ်။ ဆရာက ပါပီခေါ် ခွေးကလေး ဖြစ်သွားမယ်။ ပါပြီလို့ရေးရတယ်။

၆။ ဘယ်လိုဆက်လုပ်ကမလဲမှားတယ်။ အဲတာကို အရင်မေးစဉ်က ဖြေထားပြီး။ လေးရက်တိုက်ကပါတယ်လို့ ထပ်ရေးတယ်။ သင်္ကြန်မှာ အကလေးရက်တိုက်ပြီး စင်ပေါ်တက်ကသလား ထင်စေတယ်။ ကလေးကလည်း နေမကောင်း။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး