Saturday, April 20, 2019

Easter အီစတာ

ဧပြီလ ၂၁ ရက်က အီစတာနေ့။ ခရစ်ယန်ဘာသာဝင်တွေရဲ့ပွဲတခုဖြစ်ပါတယ်။ အီစတာကို ဂရိလို Pascha ခေါ်တယ်။ ပြန်လည်ထမြောက်တဲ့ တနင်္ဂနွေလို့ ဆိုလိုတယ်။ အဲတာက ကျမ်းစာသစ် နယူးတက်စတဲမင့်မှာပါတယ်။ ကားစင်မှာ သေဆုံးပြီးနောက် တတိယမြောက်နေ့မှာ ဖြစ်တယ်။

စာသင်တဲ့ကျောင်းမှာ အီစတာသင်ခန်းစာလေးတခုသင်တယ်။ ကနေ့ အိမ်ရှေ့ လမ်းတဖက်ကစားကွင်းထဲမှာ ကလေးတွေ မြက်ခင်းပေါ် လိုက်ကောက်ရှာနေကြတာကို လှမ်းမြင်ရတယ်။ မြက်တွေထဲက ကြက်ဥရောင်စုံလေးတွေကို လိုက်ရှာကြတာ။

အီစတာပွဲမှာ နာမည်ကြီးတာက Easter eggs အီစတာကြက်ဥဖြစ်ပါတယ်။ ကြက်ဥကို အကြက်ပြုတ်ရတယ်။ ဆေးရောင်စုံတွေနဲ့ အလှအပတန်းဆာဆင်ကြတယ်။ အနီရောင်ဆိုတာက ဂျီးဆပ်စ်ရဲ့သွေး။ ဂျီးဆပ်ပြန်လည်ရှင်သန်လို့ ဘာမှမရှိတော့တဲ့ ဂူကိုကိုယ်စားပြုတယ်လို့ဆိုပါတယ်။

1. Chicken egg and Duck egg ဘဲဥကို ပွတ်စားပါတဲ့ http://doctortintswe.blogspot.com/2017/03/chicken-egg-and-duck-egg.html
2. Eggs ကြက်ဥ အစရှာခြင်း http://doctortintswe.blogspot.com/2014/11/eggs.html
3. Hard-Boiled Egg Vs Fried Egg ကြက်ဥကျော်နဲ့ ကြက်ဥပြုတ် http://doctortintswe.blogspot.com/2015/07/hard-boiled-egg-vs-fried-egg.html
4. Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html

ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...