တပြေးညီစီမံကိန်း

လာလည်တဲ့မိသားစုထဲက သမီးအကြီးက အိုကလာဟိုးမားမြို့မှာ ဘာသာပြန်ဆရာမလုပ်နေတယ်။ ဘာသာပြန် အတွေ့အကြုံလေးတွေ ပြောပြတယ်။ စကားကိုဘာသာပြန်တာနဲ့ စာကိုဘာသာပြန်တာ နှစ်မျိုးလုပ်ရသတဲ့။ စာအုပ် အဘိဓါန်တွေ အမျိုးမျိုး၊ အွန်လိုင်းကလည်း အမျိုးမျိုးမျိုး၊ ဖုန်းအက်ပ်တွေကလည်း အမျိုးမျိုး။ စာလုံးတလုံးကို ဘာသာပြန်တာက မတူကြ။ အရေးအသားကလည်း တမျိုးစီလိုလိုတဲ့။

ဘာသာပြန်ဆရာမက တီးတိန်သူ။ ဒေရှင်နရီတွေရှာတော့ တချို့ဟာတွေက ကျမထက်တောင် ဆိုးတယ်လို့ ပြောတယ်။

သတ်ပုံတွေကို တတိုင်းတပြည်လုံး တပြေးညီလမ်းညွှန်ချက်အရ ထွက်ထားတဲ့ စာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာအဘိဓါန်တွေမှာ သတ်ပုံကတော့ ပေါ်လစီအတိုင်း။ ခရစ်ယန်ကျမ်းစာအုပ်တွေက အရင်ကသတ်ပုံအတိုင်း ရေးလို့ နောက်ထုတ်တွေမှာ တစ်ဖြစ်နေတာ သိတယ်တဲ့။

ဘာသာပြန်စာနဲ့ နှုတ်နဲ့ဘာသာပြန်တာကို ဖတ်မဲ့၊ နားထောင်မဲ့သူတွေက မြန်မာပြည်ကနေလာနေကြတဲ့ တိုင်းရင်းသား ပေါင်းစုံပါတယ်တဲ့။

ကျွန်တော်လည်း ကျောင်းမှာ ကျောင်းသူကျောင်းသာတွေက တိုင်းရင်းသားတွေ။ မြန်မာစကားကို တမင်တကာချပြောမှ နားလည်ကြတယ်။ ပုံပါနမူနာစာရွက်က အော်တိုထရန်စလေးရှင်းကနေ ပရင့်ထုတ်ထားတာ။

ကွာလတီအက်ကျူကေးရှင်းတဲ့ အတော်ပြောကြတယ်။ အရည်အသွေးပြည့်မီတဲ့ပညာရေး။ လက်တွေ့မှာတော့ ရှေ့တိုးဘို့ နေနေသာသာ နောက်ပြန်သွားနေရတယ်။ သင်ပုန်းကြီးအထိ ဆင်းရတာမျိုးရှိတယ်။

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် မြန်မာပြန်တွေမှာ သတ်ပုံမှန်နဲ့သာ ပုံနှိပ်တားပါတယ်။

တပြေးညီစီမံကိန်း အကောင်အထည်ဖေါ်တာ အောင်မြင်တယ်။ ပြည်ပတိုင်းပြည်တွေမှာနေရတဲ့ တိုင်းရင်းသားတွေနဲ့ နေပြည်တော်က အရာရှိကြီးတွေ၊ ရန်ကုန်ကနေ အက်ပ်တွေရေးနေသူတွေ၊ အွန်လိုင်း ဒေါင်းလုဒ် လုပ်နေကြသူတွေ  သိပ်မကွာလှပါ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ