တ တလုံးကျေ

မနှစ်က ဒီရက်တွေမှာ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုပို့စ်တွေ တွေ့ပါတယ်။ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် ခေတ်တုန်းကတော့ စာမတတ်သူပပျောက်ရေး အသုံးလုံးစီမံချက် လုပ်ခဲ့ပါတယ်။ ၁၉၆၄-၁၉၈၄ အထိ လုပ်အားပေး ၅သိန်းကျော်နဲ့လို့ မှတ်တမ်းတခုက ဆိုပါတယ်။

ကျွန်တော် အဲသည်တုန်းက လုပ်အားပေးဆရာ မလုပ်ခဲ့ရပါ။ ဆယ်တန်းဖြေပြီး ကောလိပ်ဆက်မသွားခင် အတော်ကြာလို့ ဆယ်တန်းအောင်ခဲ့တဲ့ မုံရွာမြို့ အထက (၂) မှာပဲ လုပ်အားပေးစာသင်ရပါတယ်။

အသုံးလုံးအောင်ပွဲတခုကို ဘုတလင်မြို့နယ် ညောင်ကန်မှာလုပ်တော့ (ဦး) သိန်းဖေမြင့်လာပြီး ဟောပြောတာကို နားထောင်ဖူးတယ်။

ခုခေတ်မှာ တမျိုးလုပ်စရာ လိုနေတယ်။ အခြေခံ မဟုတ်ပါ။ ပါမောက္ခတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ စာရေးဆရာတွေနဲ့ ကဗျာဆရာတွေအတွက် တ တလုံးကျေသင်တန်း။ သူတို့တတွေက တတလုံးတည်း မရေးတတ်ကြပါ။

ကနေ့

ကနေ့ ဆိုတဲ့အသုံးအနှုန်းကို အကိုးအကားလေးနှင့် ရှင်းပြပေးပါလားဆရာ။

သတ်ပုံစာအုပ်တွေမှာ ကနေ့လို မပါ။ စကားအရာမှာသာသုံးတယ်။ စကားပြောစာရေးနည်းမှာ သုံးတယ်။ ယနေ့၊ သည်နေ့၊ သည်ကနေ့လို့လည်း ရေးကြ ပြောဆိုကြပါတယ်။ ဘီဘီစီမြန်မာပိုင်းအပါအဝင် မီဒီယာတချို့မှာလည်း ကနေ့လို့ ရေးကြတယ်။ အွန်လိုင်းအဘိဓါန်တခုမှာတော့ ထည့်ထားတာတွေ့တယ်။

ကနေ့ကို ဂနေ့သံထွက်တယ်။

ဒေါ်အမာရေးတဲ့ လွမ်းသူ့စာ စာအုပ်ထဲက လှချင်တဲ့ သမီးကလေးများသို့ထဲမှာ သည်လိုပါတယ်။

အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျိုးစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက်ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အောင် ဖော်လှစ်ပြသနေကြရတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈
၂ဝ-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ