Highest IQs in History ဉာဏ်ရည်အမြင့်ဆုံး ပုဂ္ဂိုလ်များ

ဆရာရှင့် သမီးရဲ့ သမီးလေးက အခုလေးလရှိပါပြီ။ ကလေးတွေရဲ့ ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်က မွေးစကနေ နှစ်နှစ်အတွင်းလို့ သိရပါတယ်။ သမီးလေးကို ဦးနှောက်ကောင်းကောင်းဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်ပေးချင်ပါတယ်။ မြန်မာပြည်မှာဖွင့်ထားတဲ့ right brain development school တွေက ၆လကနေ စတက်လို့ရတယ်တဲ့။ ဒါပေမဲ့ သင်တန်းကြေးတွေ အရမ်းများလို့ ကိုယ့်ဘာသာလေ့လာချင်လို့ပါ။ အဲဒါ right brain development, left brain development နဲ့ပတ်သက်ပြီး ကလေးတွေကို ပြုစုပျိုးထောင်နည်းတွေ လေ့လာသင်ကြားနိုင်တဲ့ website name တွေ သိချင်ပါတယ်ရှင့် parenting နဲ့ပတ်သက်ပြီး လေ့လာလို့ရမဲ့ website တွေရော Facebook မှာရှိရင်လဲသိချင်ပါတယ်  ငွေကြေးအများကြီး အကုန်မခံနိုင်ပေမဲ့ သမီးလေးကို အကောင်းဆုံးပျိုးထောင်ပေချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်။

ကလေးတွေရဲ့ဉာဏ်ရည်ကောင်းစေချင်ကြတာ မိဘတိုင်းလိုလိုပါ။ ကိုယ့်သားသမီးတွေကို အကောင်းဆုံး အတော်ဆုံး ဖြစ်စေချင်သူတွေလည်း များတယ်။ အဲလိုစိတ်ရှိတာ သားသမီးကိုချစ်ကြလို့ပါ။ ကောင်းတယ်။

ဉာဏ်ရည်ကို ဘယ်လိုကောင်းစေမလဲ
သီအိုရီတွေ၊ နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။ သင်တန်းတွေ ကျောင်းတွေလည်း ရှိလာတယ်။ ထိရောက်မှု ဘယ်လိုပါလဲ။ တလောကပဲ အိုင်ကျူ နဲ့ အီးကျူစာ တင်ပါတယ်။ အဲဒီနှစ်ခုက ဉာဏ်ရည်ကို စနစ်တကျတိုင်းတာနည်းဖြစ်တယ်။ ဉာဏ်သာမက အသားဖြူချင်သူ၊ အရပ်ရှည်ချင်သူ၊ ချေမောလှပချင်သူတွေ အလွန်ကို များတယ်။ ဆေးတွေလည်း ရောင်းကောင်းတယ်။ ကျွန်တော့်မှာက အချိန်ကုန်ရတယ်။ ကြော်ငြာဆေးတွေသာ ရှိတယ်။ ဉာဏ်ကောင်းဆေးမရှိပါ။ ဆောရီး။

သက်ရှိအားလုံးဟာ သန္ဓေတည်ကတည်းက ပြဋ္ဌာန်းချက်တွေပါလာပြီးဖြစ်တယ်။ ပါလာပြီးဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကို ပြုပြင်လို့ မရသလောက်ခက်ခဲတယ်။ မွေးရာပါလာမယ့်ရောဂါရှိနေမှန်းသိရင် မဆိုးစေအောင်သာ တတ်နိုင်သေးတယ်။ ကာကွယ်ဖို့ အလွန်မလွယ်တာတွေ၊ ပြုပြင်လို့မရသလောက်ခက်ခဲတာတွေသာဖြစ်တယ်။ ဆောရီး။

ဉာဏ်ပညာကိုတော့ တမျိုးကြိုးစားနိုင်တယ်။ အဲတာမှာ အကန့်အသတ်ကြီးတယ်။ မျိုးဗီဇကိုပြင်မရပါ။ ပညာဆိုတာ လေ့လာသင်ယူမှုနဲ့ ပိုကောင်းစေနိုင်တာ အမှန်ဖြစ်တယ်။ မွေးကတည်း မြင်မြင်သမျှ ကြားကြားသမျှကို စူးစမ်း လေ့လာ သင်ယူနေတယ်။ ကလေးငယ်တွေကို ဘယ်လိုသင်ပေးရမလဲအသိမှာ မိဘတွေကမတူကြပါ။ စကားမပြောတတ်ခင်မှာ စကားပြောပေးတာ ကလေးကိုအသိတိုးစေတာ မှန်တယ်။ သစ်ပင် ပန်းပင်လေးတွေကို တေးဂီတနဲ့ ဆွဲဆောင် မွမ်းမံလို့ ရနိုင်တယ်။

ကလေးတွေ အိမ်မှာသင်ပေးတာ၊ ကျောင်းမှာသင်ပေးတာနဲ့ ပတ်ဝန်းကျင်ကနေသင်ပေးတာရယ်လို့ နေရာသုံးမျိုးရှိတယ်။ ပိုက်ဆံတွေအများကြီးပေးရတဲ့ကျောင်း ကောင်းနိုင်ပါတယ်။ အစိတ်အပိုင်းလေး တခုသာဖြစ်တယ်လို့ နားလည်သင့်တယ်။ အဲတာဟာ သင်စရာနေရာသုံးခုထဲက တခုသာဖြစ်တယ်။

ကမ္ဘာ့ အိုင်ကျူအမြင့်ဆုံး (၁ဝ) ဦးစာရင်း

၁ဝ။ Stephen Hawking စတီဖင် ဟောကင်း IQ 160
ဗြိတိသျှ ရူပဗေဒပညာရှင်။ Big Bang Theory နဲ့နာမည်ကြီးသူ။

၉။ Albert Einstein အဲလ်ဗတ် အိုင်းစတိုင်း IQ 160-190
ဂျမန်နိုင်ငံမှာမွေးတဲ့ Ashkenazi Jew အက်စ်ကင်နာဇီ ဂျုး (လိုက်နာမှုမပြု)၊ ရူပဗေဒပညာရှင်။ Theory of relativity နဲ့ Quantum mechanics မှာ နာမည်ကြီးသူ။ နယူကလီယာဖြူရှင်းကို ဖြစ်စေမဲ့ သီအိုရီ ၂ ခုထဲကတခုတွေ့သူ။

၈။ Judit Polgar ဂျူဒစ် ပိုလ်ဂါ IQ 170
ချက်စ် (စစ်တုရင်) ချန်ပီယံ၊ ဟန်ဂေရီ အမျိုးသမီး။

၇။ Leonardo da Vinci လီယိုနာဒို ဒါ ဗင်ချီ IQ 180-190
ပန်းချီ၊ ပန်းပု၊ တေးဂီတ၊ သင်္ချာ၊ အင်ဂျင်နီယားရင်း၊ ဂျီယော်လော်ဂျီ ပညာရှင်။ အီတလီလူမျိုး။ မိုနာလီဇာပန်းချီကား ရေးဆွဲခဲ့သူ။

၆။ Marilyn Vos Savant မယ်ရီလင် ဗော့စ် ဆားဗင့် IQ 190
စာရေးဆရာ၊ အမေရိကန်အမျိုးသမီး။

၅။ Garry Kasparov ဂယ်ရီ ကက်စ်ပါးရော IQ 194
ရုရှားလူမျိုး ချက်စ် (စစ်တုရင်) ချန်ပီယံ

၎။ Kim Ung-Yong ကင်မ် အန် ယောင်း IQ 210
တောင်ကိုရီးယား။ ၆ လသားကတည်းက စကားပြော၊ ၃ နှစ်သားမှာ အင်္ဂလိပ်စာ၊ ဂျာမန်စာ၊ ကိုရီးယားစာနဲ့ ဂျပန်စာ ဖတ်နိုင်။ ယူအက်စ်ကိုရောက်လာပြီး နာဆာမှာအလုပ်ရတယ်။ ကိုရီးယားပြန်သွား ကျောင်းဆရာလုပ်တယ်။

၃။ Christopher Hirata ခရစ်စတိုဖါ ဟာရာတာ IQ 225
နိုင်ငံတကာ ရူပဗေဒအိုလန်ပစ်ရွှေတံဆပ်ဆုရ။ ၁၄ နှစ်သားမှာ ကယ်လီဖိုးနီးယား အိုင်တီတက် ၂၂ နှစ်ပါ ပီအိတ်ခ်ျဒီဘွဲ့ရ။ အမေရိကန်လူမျိုး။

၂။ Terence Tao တားရေ့စ် တာအို IQ 225-230
သြစတေးလျ သင်္ချာပညာရှင်။ ဟောင်ကောင်ကနေပြောင်းလာသူ။ ယူအက်စ် အယ်လ်အေမှာ ဆရာလုပ်နေသူ။

၁။ William James Sidis ဝီလီယမ် ဂျိမ်းစ် ဆီဒစ် IQ 250 – 300
အသက် ၁၁ နှစ်သားမှာ ဟားဗတ်ကျောင်းသားဖြစ်။ သင်္ချာသင်ယူ။ အသက် ၄၆ နှစ်မှာ ဦးနှောက်ထဲသွေးထွက်ပြီး ကွယ်လွန်။

အချုပ်
၁။ ကျောင်းကောင်းတွေကနေ ပါရမီရှိအောင် သင်မပေးနိုင်ပါ။
၂။ ပါရမီရှိသူတွေကတော့ အကောင်းဆုံးကျောင်းတွေကို ရောက်ကြတယ်။
၃။ အိုင်ကျူအမြင့်ဆုံးဆိုသူတွေဟာ ဘာသာရပ်အမျိုးမျိုးမှာ စိတ်ဝင်စားကြတယ်။
၎။ အိုင်ကျူမြင့်ဆေး၊ ဉာဏ်ကောင်းစေတဲ့ဆေး မရှိ။
၅။ အိုင်ကျူအမြင့်ဆုံး (၁ဝ) ဦးထဲမှာ ဆရာဝန်တွေမပါ။ No Smile! စစ်ဗိုလ်ချုပ်ကြီးတွေမပါ။ Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး