တဆယ်ကျပ်

တဆယ်ကျပ်ကို တစ်ဆယ်ကျပ်လို့ ပဌမစစ်အာဏာသိမ်းအစိုးရကပြင်တယ်။ ဒုတိယစစ်အာဏာသိမ်းအစိုးရက တစ် မရေးမနေရ အမိန့်ထုတ်။ အခုထိလည်း အတည်။

တစ်သွေး = စစ်သွေး။ တစ်သံ = စစ်သံ။ တစ်မိန့် = စစ်မိန့်။

တဆယ်တန် တန်ဖိုးအစစ် ပြန်ရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၈
၃ဝ-၄-၂ဝ၁၉
Zaw Moe Lwin ကျေးဇူး။

မှားတတ်ကြတယ်

အစာပြေ - အဆာပြေ
ညဏ် - ဉာဏ်
အိပ်စွက် - အိတ်စွပ်
ဒါဏ် - ဒဏ်
လုပ်ကျပါ - လုပ်ကြပါ
ဆုပ်ပြတ်သတ် - စုတ်ပြတ်သတ်

သတ်ပုံ မှားတတ်ကြတယ်။ ကျွန်တော်လည်း မကြာခဏမှားတယ်။ ညမအိပ်ခင်ရေးတင်ခဲ့တာတွေ အိပ်ရာထဲရောက်မှ ပြန်စဉ်းစားရင်း မှားရေးခဲ့တာ သိရတာမျိုးလည်းရှိတယ်။ မနက်ကျ ပြန်ပြင်နိုင်တာပြင်တယ်။ မပြင်ပဲ အမှားအတိုင်း ကျန်သေးတာတွေလည်းရှိမယ်။ ဆောရီး။ စိတ်ရင်းကောင်းနဲ့ ပြင်ပေးကြတယ်။ ကျေးဇူး။

ကျွန်တော်ကပြင်ပေးတဲ့အခါ အမှန်ပြင်ရေးသူတွေ မနည်းပါ။ ကောင်းတယ်။ တချို့ကတော့ မကြိုက်ကြပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး