ပြင်ပေးတာကို စိတ်မရှိကြစေလိုပါ

ကွန်မင့်ကနေ သတ်ပုံပြင်ပေးတာ နည်းလမ်းကောင်းတော့ မဟုတ်ပါ။ တိုးတိုးတိတ်တိတ်ပြင်ပေးနည်းက ပိုကောင်းတယ်။ အခုတော့ မတတ်နိုင်။ ဆောရီး။

ကမ်မဌာန်း - ကမ္မဋ္ဌာန်း
ခုနှစ်ဆောင်တိုက်ခန်း - ခုနစ်ဆောင်တိုက်ခန်း
ဂုံးကျော် - ခုံးကျော်
ငလျှင် - ငလျင်
စိန်တစ်လုံး - စိန်တလုံး
ဘယ်မာ - ဘယ်မှာ
မဲစွယ် - မဲဆွယ်
လက်ပံတန်းမြို့မှကြိုဆိုပါ၏ - လက်ပံတန်းမြို့ကကြိုဆိုပါ၏
လှမ်းမမှီ - လှမ်းမမီ
လျပ်စစ်မီး - လျှပ်စစ်မီး
ဝရိယ - ဝီရိယ
ဝိညဉ်ပူး - ဝိညာဉ်ပူး
သရန်ဇာတ - သယံဇာတ
အနာဂါတ် - အနာဂတ်
အိတ်စွတ် - အိတ်စွပ်
အန္ဒရာယ် - အန္တရာယ်
ဗောဓိတစ်ထောင် - ဗောဓိတထောင်
ရွှေဂုဏ်သူ - ရွှေဂုံသူ

ရှေ့ကရေးတာတွေက မှားလို့ နောက်မှာ ပြင်ထားပါတယ်။ ပြင်ပေးတာကို စိတ်မရှိကြစေလိုပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး