Loka Niti ခေတ်သစ် လောကနီတိ

Loka Niti ခေတ်သစ် လောကနီတိ (၁)

လောကနီတိ (၇၈)
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် ယူရာ၏။
• သူမိုက်ကို အလိုသို့လိုက်သဖြင့် ယူရာ၏။
• ပညာရှိကို အဟုတ်အမှန်ကို ပြောဆိုခြင်းဖြင့် ယူရာ၏။

ခေတ်သစ်လောကနီတိ
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လိုခြင်တပ်မက်မှုကို အားပေးရာကျ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် အာဏာမှာ ကြာရှည်ယစ်မူးစေ၏။
• သူမိုက်ကို အလိုသို့မလိုက်ခြင်းဖြင့် ဆက်မမိုက်နိုင်တော့အောင် လုပ်ဆောင်ရာကျ၏။
• ပညာရှိစွာမဲပေးခြင်းဖြင့် တိုင်းပြည်ပါ ပညာရှိရာကျခဲ့လိုက်ကြ၏။

Loka Niti ခေတ်သစ် လောကနီတိ (၂)

လောကနီတိ (၁၂ဝ)
• လောက၌ မင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ရဟန်းနှင့် ဗြာဟ္မဏတို့သည် တကြိမ်သာဆိုကုန်၏။
• ဘုရားအစရှိသော သူတော်ကောင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ဤသို့သောတရားသည် ရှေးသူတော်ကောင်းတို့၏ အကျင့်တည်း။

ခေတ်သစ်လောကနီတိ
• အစိုးရတို့သည် ငါးနှစ်တကြိမ်သာဆိုကုန်၏။
• မတူသောဘုန်းကြီးတို့သည် မတူသောတရားတို့ကို ဟောကြားကြကုန်၏။
• တိုင်းသူပြည်သားတို့သည် အကြိမ်ပေါင်းများစွာ ဆိုကြကုန်၏။
• ဤသို့သောတရားသည်း ခေတ်လူတို့၏ အကျင့်တည်း။

Loka Niti ခေတ်သစ် လောကနီတိ (၃)

လောကနီတိ (၁၁၇)
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ဘုရင်မင်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ ပျက်၏။

ခေတ်သစ်လောကနီတိ
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ သာသနာပျက်၏။
• အစိုးရသည် တိုင်းပြည်ကောင်းစားရေးအတွက် ရောင့်ရဲမှုကင်းမူ ပြုတ်ကျ၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ တိုင်းပြည်ဂုဏ်ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ မျိုးဆက်ပျက်၏။

Loka Niti ခေတ်သစ် လောကနီတိ (၄)

စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

ခေတ်သစ်လောကနီတိ
မေးခွန်းတိုင်း မဖြေ၊ မေးနည်းစည်းကမ်းကျမှသာဖြေသော ကျွန်ုပ်အား ပညာရှိဟုမခေါ်ထိုက်။
သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ဆေးပညာစာတွေရေးနေသော ကျွန်ုပ်သည် သူမိုက်တော့မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆
၂၄-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး