သံချပ်

ဆင်ဆာမတင်တဲ့ ကျောင်းနံရံ သံချပ်အဖွဲ့ တဲ့ အစိတ်သားတွေကြားရင် - လှန်ပြေးလောက်အောင် ကောင်းတယ်ဗျာ တဲ့။

နမူနာတခုပါ။ သံချပ်ဆိုတာ သီချင်းတွေနဲ့မတူပါ။ ကာတွန်းနဲ့ ဆင်တယ်။ ကာရန်၊ အသံနဲ့ သရုပ်သာမဟုတ် အနှစ်ကိုပါ သိချင်တယ်။ သံချပ်စာသားကိုပါ ဖတ်ရချင်တယ်။ အဲတာမှ အရောင် အဆင်း အနံ့နဲ့ အရသာ စုံလင်မယ်။

အဓိပ္ပါယ်ဖွင့်ဆိုတာကတော့ ယိမ်းချင်း၊ နတ်ချင်း၊ လှေတော်သံ စသော သီချင်းတို့၏အကြား၌ ထည့်သွင်းချပ်ညှပ်၍ တိုင်ကာ ဖောက်ကာ သီဆိုရသော သီချင်းသံတိုမျိုး ဖြစ်သောကြောင့် သံချပ်ဟုခေါ်သည်။ သံချပ်စပ်ရာတွင် အတိုင်ပိုဒ်တွင် ခုနစ်လုံးခံ၍ အပေါက်ပိုဒ်တွင် ခုနစ်လုံးဖြစ်စေ၊ ရှစ်လုံးဖြစ်စေ အုပ်ရသည်။ ကာရန် ယူပုံမှာ ၇ - ၃ သို့မဟုတ် ၇ - ၄ ဖြစ်သည်။

မိုးလားကွဲ မောင်တို့ မောင်တို့။ လေလားကွဲ့ မောင်တို့ မောင်တို့။ (သံချပ်အချီ)
ဘုန်းတော်ထွန်းလို့ လေးကျွန်းသာ ရွှေမြို့အောင်ချာ နတ်ပြည်အလား
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ့မမ။
ရွှေလက်ခုပ် အုပ်ကာတီး ပျောသီးမှည့်မှည့် စားရအောင်။
အိုးစည်သားများ ကျက်သရေ ကမ္ဘာသင်္ချေပြောလို့မဆုံး။
တေဇာ ဝေဖြာ ကြေငြာကျော် မိုးပေါ် ဘိုးတော် မ တဲ့ရပ်သား။
ဟေ့လား မောင်တို့ ဝါး။ (သံချပ်အချ)

သံချပ်ဆိုတာ ခေတ်ကို ဖေါ်ညွှန်းတယ်။ ဟာသတခုတည်း မဟုတ်။ ဆဲသလိုဆိုရင် တန်ဖိုးမရှိ။ မထိရောက်။

အုပ်စိုးသူတွေကိုသာမက၊ တာဝန်ရှိသူတွေနဲ့ သူလိုကိုယ်လိုလူတွေကိုပါ ထောက်ပြရမယ်။ ဘုရားထူးခံတွေကိုလည်း ချန်မထားသင့်။

လှောင်ပြောင်စရာ၊ ရယ်မောစရာတွေကို ဟာသဉာဏ်ပါပါ အကျိုးပြုစေဖို့ အနုပညာနဲ့အသိပေးတာကို သံချပ်လို့ ခေါ်တယ်။ သံချပ်ထိုးတာကို သံချပ်ကာဝတ်ထားသူတွေက မကြားချင်ကြ။ နားမထောင်ရဲကြပါ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး