Water Cooler ဝါတာကူလာ

ရန်ကုန်သူရန်ကုန်သားတွေ ပူနေကြသတဲ့။ ဒေလီမှာ နွေရာသီတိုင်း ဝါတာကူလာကို သုံးရတယ်။ အဲဒီမှာ ပူလောင်တာက ဧပြီ၊ မေလကနေ သြဂုတ်အထိ ပန်ကာနဲ့ မရတော့ပါ။ အေစီ မတတ်နိုင်သူတွေ သုံးရတာ ကောင်းပါတယ်။

ဝါတာကူလာက တရာသီသာ ခံတယ်။ တနှစ်တခါ ပြင်ရမယ်။ လေးဒေါင့်သွပ်ခံပုံး အောက်ခြေမှာက ရေထည့်စရာ။ ရာသီဥတုပူလွန်းချိန်မှာ တနေ့ ၂ ခါလောက်ရေဖြည့်ပေးရတယ်။ အိမ်ပြူတင်းပေါက်မှာတပ်ထား၊ ပန်ကာမျက်နှာစာကို အိမ်ခမ်းဖက်လှည့်ဆင်၊ ခြင်မဝင်အောင်က သုံးထပ်သားတို့ ဂျပ်ပြားတို့နဲ့ အလုံဖါထေးထားရမယ်။ ဘေးသုံးဖက်မှာ ကောက်ရိုးလိုဟာ ပါတယ်။ အဲတာကို တနှစ်ခါ လဲရမယ်။ ရေတင်ပေးတဲ့ ပန့်သေးသေးလေးကနေ အောက်ကရေကို မျက်နှာပြင် ၃ ဖက်အပေါ်အထိ တင်ပေးတယ်။ အထက်က ရေတံလျှောက်လေးတွေမှာ အပေါက်လေးတွေ ဖေါက်ပေးတားတော့ ကောက်ရိုးလိုဟာပေါ်မှာ ရေချပေးနေမယ်။ အဲတာကိုဖြတ်ဝင်လာတဲ့လေက အေးတယ်။ ပန်ကာမော်တာ ကွိုင်ပြန်ပတ်တာကများတယ်။ မော်တာညံ့ရင် ဆူညံတယ်။ အထိုင်မငြိမ်ရင်လည်း အသံမြည်တယ်။ တနှစ်တခါ ကိုယ့်ဖါသာဆေးသုတ်၊ အလုပ်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး