Chybolic Myrobalan ဖန်ခါးသီး

မနေ့ညက ဖန်တဲ့အရသာအကြောင်းရေးတာထဲမှာ ဒေါ်မြမြအေးက ဖန်ခါးသီးတမ်းတနေတယ်လို့ပါတယ်။

ဖန်ခါးသီးရဲ့အရသာက ဖန်ခါးပြီး နောက်မှာ အချိုအရသာလိုက်လာတယ်။ တချို့ကမကြိုက်ကြ။ တချို့က အလွန် နှစ်ခြိုက်ကြတယ်။ Terminalia Cebula လို့လည်းခေါ်တယ်။ Haritka လို့လည်းခေါ်တယ်။

ဗမာဆေးကျမ်းတွေမှာ ဖန်ခါးသီးသည် ဖန်၏။ ပူ၏။ ကြေကျက်လွယ်၏။ ခြောက်ကပ်စေ၏။ ကြေကျက်သောအခါ ချို၏။ ဝမ်းမီးကိုတောက်စေ၏။ ပျို့အန်ခြင်းကို သက်သာစေ၏။ ရေငတ်ပြေစေ၏။ နှုတ်ကိုမြိန်စေတတ်၏။ လေကိုသက်စေ၏။ ဝမ်းဗိုက်တင်းခြင်း၊ ထိုးအောင့်ခြင်း၊ ကျို့ထိုးခြင်းများကို ပျောက်ကင်းစေတတ်၏လို့ရေးထားတယ်။

အာယုဗေဒဆေးကျမ်းမှာလည်း သုံးတယ်။ အဆိပ်အတောက် ပျယ်စေတယ်။ ဆီးပိုသွားစေတယ်။ ပိတ်နေတာကို ဖယ်ရှင်းပေးတယ်။ အစာချေလမ်းကို ကောင်းစေတယ်။ Gallic acid ပါလို့ E. coli ပိုးကိုသေစေတယ်။ ဆီးချိုရှိသူတွေလည်း သင့်တယ်။ ခံတွင်းဆေးရာမှာလည်း သုံးတယ်။ နှလုံးရောဂါနဲ့ ကင်ဆာအထိရေးတာတွေ ရှိသေးတယ်။ ကိုယ်အလေးချိန်နည်းစေတယ်။ အရေပြားအတွက် ကောင်းတယ်။

မနက်ကျတော့ နှမကရေးတာ ဖတ်ရတယ်။ ရွာကအမျိုးတယောက်က မမအေးအတွက် ဖန်ခါးသီးဆားရည်စိမ် ပို့ထားတယ်တဲ့။ ဖန်ခါးသီးတမ်းတနေသူက အပင်ပေါ်တက်ပြီး ဆွတ်စားချင်နေလားမသိလို့ ပြန်ရေးလိုက်တယ်။ သူကတော့ အရသာကိုကြိုက်တာ။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး