တူသလိုလိုနဲ့ မတူတာတွေရှိတယ်

အိန္ဒိယမှာနေပြီး ပြည်ပနိုင်ငံရေးလုပ်ရစဉ်က အခမ်းအနားတွေမှာ မကြာမကြာ သဘာပတိခေါ် ပရိသတ်ရှေ့ကစားပွဲမှာ ထိုင်ရတဲ့သူ ဖြစ်ခဲ့တယ်။ တခါတလေ အတော်ဂွကျတယ်။

တွဲထိုင်ရတဲ့သူတွေကို ရွေးတဲ့အခါ ဇာတာသက်အရရွေးတာရှိတယ်။ တဖွဲ့တယောက် ခွဲတမ်းအရ ရွေးတာလည်းရှိတယ်။ လူမျိုးစုအလိုက်လည်း ရှိသေးတာ။ တူသလိုလိုနဲ့ မတူတာတွေရှိတယ်။

နောက်ပိုင်းမှာ စင်ပေါ်အတူထိုင်မဲ့ လူစာရင်းကိုမေးပြီးမှ သွားတက်တယ်။ လူမိုက်ဖြစ်ရော။ မတတ်နိုင် ကျွန်တော်က တချို့နေရာတွေမှာ ခေါင်းမာတယ်။

အခုတလောထွက်နေတဲ့ သတင်းတပုဒ်ဖတ်ပြီး ဒီစာကိုရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး